Part 115

972 131 0
                                    


အပိုင်း (115)

ပုံမှန် season၏ ဒုတိယပွဲက အဆင့်ကို အဆုံးအဖြတ်ပေးသည့် ပွဲစဥ်များဖြစ်သည်။ ဒီနည်းအားဖြင့် အဆင့်တက်ခြင်းနှင့် ကျခြင်းအတွက် ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။ group sမှ အောက်ဆုံး ၂သင်းက group aမှ ထိပ်ဆုံး ၂သင်းနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းအားဖြင့် မည်သူက တက်မည်ဖြစ်ပြီး မည်သူက ကျမည်ဖြစ်ကြောင်း သိနိုင်မည်ဖြစ်သည်။ အဆင့်မြင့်သော အသင်းများက group sသို့ ဝင်ပြီး အဆင့်နိမ့်သော အသင်းများက group aသို့ ကျသွားပေလိမ့်မည်။

အဆင့်အဆုံးအဖြတ်ပွဲစဥ်များကို ထည့်သွင်းထားသည့် အကြောင်းပြချက်ကမူ group sသို့ဝင်သော အသင်းသစ်များနှင့် group aသို့ ကျသွားသော အင်အားကြီးသောအသင်းများ၏ အခြေအနေမျိုး မဖြစ်အောင် တားမြစ်လို၍ ဖြစ်သည်။

ထျန်းဟွမ်မှ ကစားသမားများက စင်နောက်ဘက်သို့ ပြန်လိုက်ကြပြီး team ယွဲ့ယင်၏ နားနေခန်းထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။

ရွှီကျိုးကလည်း ချီရှို့အနားသို့ လာကာ ဖက်သည်။

"ကောင်းကောင်း လုပ်ဆောင်ခဲ့တယ်"

သူက ပြုံးနေသည်။

ယဲ့ရှောင်းယန်ကလည်း ရှဲ့ဝေ့ယွီအနားသို့ သွားပြီးနောက် အနားတွင် ထိုင်ချလိုက်သည်။ ရှဲ့ဝေ့ယွီက သူ့ကို ပြုံးကြည့်ကာ ပြောသည်။

"မင်း ဒီနေ့ သုံးသွားတဲ့ comboက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်၊ မင်းကလှလှပပနဲ့ နိုင်သွားတာပဲ"

ယဲ့ရှောင်းယန်ကလည်း ခပ်တိုးတိုး ပြောလိုက်သည်။

"ငါတို့ရဲ့ နောက်ပွဲစဥ်က ယောင်ကွမ်းနဲ့ ယှဥ်ရမဲ့ အဆင့် အဆုံးအဖြတ်ပွဲစဥ်ပဲ"

ရှဲ့ဝေ့ယွီကလည်း သူ၏ ခံစားချက်ကို ခပ်မြန်မြန် ထိန်းညှိလိုက်သည်။

"ငါ အကောင်းဆုံးလုပ်မှာပါ"

နှစ်သင်းလုံးက တိုက်ရိုက်ထုတ်လွှင့်မှု ခန်းမထဲတွင် ဆက်နေလိုက်ကြပြီး group sမှ ယောင်ကွမ်းနှင့် ဟော်ဝမ်ကြားမှ နောက်ဆုံးပွဲစဥ်ကို ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင် ယောင်ကွမ်းက 1-2ဖြင့် ရှုံးသွားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now