အပိုင်း (111) လေ့ကျင့်ရေးပွဲစဥ်
နောက်တစ်နေ့ နေ့လယ်တွင် နည်းပြလင်းက အဖွဲ့၏ chatထဲတွင် စာပို့လာသည်..
[@လူတိုင်း ၊ ၃နာရီမှာ လေ့ကျင့်ရေးအခန်းထဲကို လာစုကြ၊ ဒီနေ့ ငါက လေ့ကျင့်ရေးပွဲစဥ်အတွက် ကိုရီးယားဘက်က အသင်းတစ်သင်းနဲ့ ချိန်းထားတယ် ]
လွန်ခဲ့သော ၂ရက်ခန့်က နည်းပြလင်းက ထျန်းဟွမ်၏ group aမှ ပွဲစဥ်များက CYC၊ ကျစ်ရွှမ်းနှင့် ရွှယ်ယင်တို့သာဖြစ်ကြောင်း ပြောထားပြီးသား ဖြစ်သည်။ သူတို့အနေနှင့်လည်း ထို၃သင်းကို ရင်ဆိုင်ရာတွင် အတော်လေး ခပ်အေးအေး ရှိနေပေလိမ့်မည်။ ထိုအတွက်ကြောင့် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကိုရီးယားဘက်မှ အဖွဲ့များနှင့် ချိန်းဆိုကာ လေ့ကျင့်နိုင်မည်ဖြစ်သည်။
သူတို့သည်လည်း နည်းပြလင်းက ထိုမျှအထိ လုပ်နိုင်စွမ်းအား ရှိပြီး ထိုမျှလျင်မြန်စွာဖြင့် ချိန်းဆိုလိုက်နိုင်ခဲ့မည်ဟု မထင်ထားမိချေ။
ချီရှို့က gp chatထဲတွင် မေးသည်...
[ဘယ်အသင်းလဲ]
ယဲ့ရှောင်းယန်က တပြိုင်တည်းလိုလို စာရိုက်ကာ ပို့လိုက်သည်...
[ဘယ်အသင်းလဲ]
စာနှစ်ကြောင်းလုံးက တပြိုင်တည်းလိုလို ရောက်လာ၏။ ထျန်းဟွမ်၏ mid/jungleအတွဲ၏ ဦးနှောက်လှိုင်းများ၏ လည်ပတ်ပုံက အချင်းချင်း တူညီနေသည်ဆိုသော ပရိသတ်များ ပြောသောစကားအတိုင်း သူတို့ကလည်း မကြာခဏဆိုသလို မြင်နေကျဖြစ်သဖြင့် ကျင့်သား ရနေကြပြီဖြစ်သည်။
ချွီကျန်းက [ပါးစပ်ကို လက်အုပ်ထားတဲ့ မျက်နှာပုံ ] emojiကို ပို့လိုက်ပြီးနောက် စာရိုက်ပို့သည်...
[ငါလည်း မေးနေတယ်၊ ဒါပေမဲ့ ငါ့ရဲ့ လက်အရှိန်နှုန်းက မင်းတို့၂ယောက်လောက် မမြန်ဘူး ]
နည်းပြလင်းက ပြန်ဖြေသည်...
[TIPအသင်း]
ကိုရီးယားနိုင်ငံ၏ အင်အားအကြီးဆုံးက ချွဲဟုတ်နှင့် ပတ်ဝန်ဆော့တို့ ဦးဆောင်သည့် မနှစ်က ကမ္ဘာ့ချန်ပီယံရှစ်ရသွားသော ATPအသင်းဖြစ်သည်။ TIPဆိုသော နည်းပြလင်းကပြောသော အသင်းကမူ ကိုရီးယားနိုင်ငံမှ လက်ရွေးစင်အသင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် သူတို့၏ လုပ်ဆောင်မှုများက ဆုတ်ယုတ်လာခဲ့ပြီး ရှုံးထွက်ပွဲစဥ်များတွင် ဖယ်ထုတ်ခံခဲ့ရ၏။ ထို့ကြောင့် သူတို့ကလည်း ကမ္ဘာ့ချန်ပီယံရှစ်ပ်တွင် နေရာတစ်ခုရအောင် မယူနိုင်ခဲ့ချေ။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...