အပိုင်း (၁၂၂)
သူတို့အနားရှိ စုံတွဲက အချင်းချင်း တီးတိုးကာ အချေတင်ကျ ပြောနေကြသည်မှာ မင်္ဂလာပွဲရက်ကို ဆွေးနွေးနေကြပုံနှင့် တူသည်။
ယဲ့ရှောင်းယန်၏ ခေါင်းကလည်း ဆူပွက်လာသည်။ သူက သူ၏ နားထင်ကို နှိပ်နယ်နေရင်း အံ့အားသင့်မှုမှ တစ်ဆင့် စိတ်ကို ငြိမ်နေအောင် ထိန်းနေသည်။ သူက ABOလောကသို့ ဝိဉာဉ် ကူးပြောင်းလာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ခန္ဓာကိုယ်နှင့် ပက်သက်သည့် ရုပ်ပိုင်းဆိုင်ရာ ဗဟုသုတများကို ခပ်မြန်မြန် ပြန်လည် စဉ်းစားကြည့်လိုက်သည်။
အမှန်တိုင်း ဆိုရသော် သူ၏ ဒီလောကပေါ် နားလည်မှုက အကြမ်းဖျင်းမျှသာ ရှိနေသေးသည်။ သူ သိထားသမျှ အကြေားအရာများကလည်း အင်တာနက်မှ တစ်ဆင့်သာ သိထားခဲ့ခြင်း ဖြစ်နေသေးသည်။ သူက ဇီဝကာမနှင့် ပက်သက်သည့် တရားဝင် အများသိ အကြောင်းအရာများကိုပင် မကြည့်ခဲ့ဖူးသေးချေ။ ဒီအတိုင်း ဒီလောကတွင် အမျိုးသားနှင့် အမျိုးသမီးများက မွေးဖွားပြီးနိုင်ပြီး အယ်ဖာနှင့် အိုမီဂါများတွင် ဖယ်ရိုမုန်းများ ရှိကာ ထိုအရာများကို ဖိနှိပ်ရန် ထိန်းချုပ်ဆေးများကို သုံးနိုင်ခြင်းကိုသာ အကြမ်းဖျင်း သိထားသေးသည်။
သူ ပြန်လည် မွေးဖွားပြီးချိန်ကတည်းက ကမ္ဘာချန်ပီယံရှစ် အရယူရန်သာ စိတ်ဇောကြီး နေခဲ့လေသည်။ ထို့ကြောင့် သူအနေဖြင့် အခြားသော ကိစ္စများကို အာရုံမစိုက်ထားခဲ့ချေ။ အကြမ်းဖျင်း ဗဟုသုတသာ ရှိခဲ့သည်။
အိုမီဂါ အဖြစ် ကူးပြောင်းပြီးနောက် ဒေါက်တာကလည်း သူက ဖိနှိမ့်ဆေးများနှင့် အလက်ဂျစ် ဖြစ်ကြောင်း၊ ထို့ကြောင့် သူ့ကို အယ်ဖာက ယာယီ အမှတ်အသားပေးကြောင်း ပြောခဲ့သည်။ သူကိုယ်တိုင်က ထိုကိစ္စနှင့် ပက်သက်၍ အများကြီး မတွေးခဲ့ချေ။ ဒီအတိုင်း ချီရှို့ကိုသာ တုန့်ဆိုင်းမနေပဲ ကိုက်ခိုင်းခဲ့သည်။ သူ၏ အမြင်တွင် ကိုက်ခြင်းက အလွန်ရိုးရှင်းသည်။ အသားတစ်စပင် ပဲ့ထွက်သွားလိမ့်မည် မဟုတ်ချေ။ သိုသော်လည်း ယခုမူ ကိစ္စများက သူထင်ထားသလို မဟုတ်လောက်တော့ချေ။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...