Part 126

915 117 9
                                    


အပိုင်း (126)

ယောင်ကွမ်း၏ ကောလာဟလသတင်းက weibo၏ ရှာဖွေမှုအများဆုံး စာရင်း ထိပ်ဆုံးပိုင်းအထိ လျင်မြန်စွာ ထိုးတက်သွားလေသည်။ အခြားသော esport teamများက အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေလျက် ထိုသတင်းအကြောင်းနှင့်ပတ်သက်ပြီး ရှေ့တွက်ပြောကြားခြင်း မပြုခဲ့ပေ။ လူတိုင်းကလည်း နေကြာစေ့ထိုင်စားရင်း ထိုshowကို တိတ်တဆိတ် စောင့်နေကြ​လေသည်။

ယဲ့ရှောင်းယန်က ရှဲ့ဝေ့ယွီထံ စာပို့လိုက်သည်...

[ရှောင်ယွီ မင်းအဖွဲ့ချုပ်ရဲ့ ကြေညာချက်ကို ​မြင်ပြီးသွားပြီလား][Weblink]

ရှဲ့ဝေ့ယွီက ပြန်​ဖြေသည်...

[ငါမြင်ပြီးပြီ]

ယဲ့ရှောင်းယန်က သက်ပြင်းချပြီးနောက် ဆက်ရိုက်လိုက်သည်...

[မင်းယောင်ကွမ်းက ထွက်ခဲ့တာက မှန်ကန်တဲ့ ရွေးချယ်ချက်ပဲ]

တစ်ခဏခန့်ကြာပြီးနောက် ရှဲ့ဝေ့ယွီက အသံ message၃ခုဆက်တိုက် ပို့လာသည်။

"ငါအရင်က ယောင်ကွမ်းက ဘာလို့ ထွက်ခဲ့လဲဆိုတော့ ယောင်ကွမ်းရဲ့ ရာထူးမြင့်ပိုင်းစီမံခန့်ခွဲသူတွေက ပြောင်းသွားခဲ့လို့ပဲ၊ အရင်ကဆိုရင် ယောင်ကွမ်းရဲ့ စီမံမှုကို ဦးဆောင်တာက အနည်းဆုံး esport အကြောင်းကို နားလည်တဲ့သူလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ မနှစ်က ပြိုင်ပွဲပြီးသွားတဲ့အချိန်မှာ သူဌေးကြီးက ရုတ်တရက် ကလပ်ရဲ့ စီမံခန့်ခွဲမှုတွေကို ဝင်ပါလာပြီး ငါတို့နဲ့တောင် စကားပြောခဲ့သေးတယ်"

"သူက ငါတို့ကို ပြောခဲ့တယ်၊ သူက ဒီနေရာကို သတင်းထောက်တွေကို ဝင်လာခိုင်းပြီး အင်တာဗျူးခိုင်းမယ်လို့ ပြောတယ်၊ အဲဒီနောက် ငါတို့ရဲ့ နေ့စဥ်ဘဝပုံစံတွေကို vdအတိုလေးတွေရိုက်ပြီး တည်းဖြတ်လို့ ရသစုံရှိုးseriesအဖြစ် ပြန်ပြောင်းပြီး ထုတ်လွှင့်ဦးမှာ၊ ငါတို့ရဲ့ fanbaseကိုလည်း အင်အားမြှင့်တင်ချင်တယ်လို့ ပြောတယ်၊ ဒီလိုနည်းလမ်းနဲ့ ငါတို့က အရမ်းကို နာမည်ကြီးလွန်းတဲ့ esport ကစားသမားတွေဖြစ်လာလိမ့်မယ်၊ ငါက ဒီလိုအရာတွေကို လုပ်ချင်တာမဟုတ်ဘူးလေ၊ နောက်ပြီးငါ့ရဲ့ စာချုပ်ကလည်း ပြည့်သွားပြီဆိုတော့ ယောင်ကွမ်းကနေ အဆုံးသတ်ပြီး ထွက်ခဲ့လိုက်တာပေါ့"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now