အပိုင်း (116)
မေလ၈ရက်နေ့ စနေနေ့ညနေခင်းတွင် ထျန်းဟွမ်မှ လူများက ညစာစားပြီးသည့်နောက် ကြယ်မြို့၏ esportစင်တာသို့ သွားလိုက်ကြသည်။
ယဲ့ရှောင်းယန်က ထိုနေရာသို့ ၂ကြိမ်ခန့် ရောက်ဖူးသည်။ တစ်ကြိမ်က ချီရှို့ဟာ နည်းပြအဖြစ် ဟန်ဆောင်ပြီး သူ့ကို လှည့်စားလျက် ဟော်ဝမ်နှင့် ကျင်းကျယ်၏ ပွဲကို လာကြည့်ခိုင်းသော အချိန်တွင် ဖြစ်သည်။ အခြားတစ်ချိန်ကမူ ထျန်းဟွမ်နှင့် ပင့်မူ၏ ရှုံးထွက်ပွဲစဥ်ကို လာကြည့်ချိန်က ဖြစ်သည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် သူက ကစားသမားတစ်ယောက်၏ နောက်ခံဖြင့် ထိုစင်တာထဲသို့ ဦးတည်လာပြီး စင်နောက်ဘက်သို့ တိုက်ရိုက် ရောက်နိုင်မည်ဖြစ်သည်။
သူတို့က စင်နောက်ဘက်သို့ ဝင်လိုက်သည့်အချိန်တွင် ဝေလငါး streaming၏ တင်ဆက်သူများထဲမှ တစ်ယောက်ဖြစ်သည့် ယောင်မူနှင့် ဆုံသည်။
ယောင်မူနှင့် ယဲ့ရှောင်းယန်တို့က အကြည့်ချင်း စုံသွားသောအခါ သူမက ချက်ချင်းဆိုသလို အပြုံးမျက်နှာနှင့်အတူ သူ့အနားသို့ ရောက်လာသည်။
ရှောင်ပိုင်မဟုတ်လား တိုက်ဆိုင်လိုက်တာ
သူတို့၂ဦးက မကြာခဏ အတူ အသင်းဖွဲ့ကာ streamလုပ်ဖူးလေသည်။ သို့သော် ဒီတစ်ကြိမ်ကမူ ပထမဦးဆုံး အကြိမ် အစစ်အမှန်လောကတွင် မြင်ဖူးခြင်းလည်း ဖြစ်နေသည်။
ယဲ့ရှောင်းယန်က သူမကို ယဥ်ကျေးစွာ နှုတ်ဆက်သည်။
တွေ့ရတာ ဝမ်းသာပါတယ် မူကျဲ၊ ဒီနေ့ ထင်မြင်သုံးသပ်ချက်ပေးသူအဖြစ် ရောက်လာတာလား
ယောင်မူက အပြုံးဖြင့် ဖြေသည်။
အင်း ငါလည်း နင့်ကို စင်နောက်ဘက်မှာ တွေ့ရလောက်တယ်လို့ မျှော်လင့်ပြီးသားပါ
သူမက လျင်မြန်စွာဖြင့် အနားတွင် ရပ်နေသော အမျိုးသားကို မိတ်ဆက်ပေးသည်။
ဒါက တုံးကောလေ၊ ဒီနေ့ ငါတို့က ထင်မြင်သုံးသပ်ချက်ပေးသူတွေပေါ့
အဖြူရောင် ရှပ်ကို ဝတ်ဆင်ထားသော ထိုအမျိုးသား ထင်မြင်သုံးသပ်ချက် ပေးသူက ကျော့ရှင်းကြည့်ကောင်းစွာ ပြုံးလာလေပြီး လင်းဖုန်း၊ ချီရှို့တို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...