အပိုင်း (147)
ပထမတစ်ပွဲအတွက် နှစ်ဖက်လုံးမှ line upများကို ခပ်မြန်မြန် ဆုံးဖြတ်လိုက်နိုင်သည်။
ထျန်းဟွမ် သွေးစုပ်မြို့စားက စစ်သည်တော် toplanerဖြစ်ပြီး တိုက်ခိုက်သူများရဲ့ ဘုရင်က junglerဖြစ်သည်။ သူတော်စင်ဝိညာဉ်မှော်ဆရာကမူ အကူ midlanerဖြစ်၏။ ပါလာဒင်က bottom laneမှ အထောက်အပံ့ဖြစ်သည်။ maskmanကမူ သွေးစုပ်မင်းသမီး ဖြစ်နေ၏။ ထို့ကြောင့်သူက ဖွံ့ဖြိုးရန် လိုအပ်လေသည်။ သို့သော် သူ၏ skillကြီးက healthကို ခြောက်ကပ်သွားစေနိုင်သေးသည်။
ယွဲ့ယင်၏ toplaner ရွှီကျိုးက နာမည်ကြီး heroဖြစ်သည့် ကွန်ဖူးဆရာသခင်ကို ရွေးထားသည်။ သူက သယ်သွားရာတွင် တော်ပြီး နောက်တန်းသို့ ဖောက်ဝင်နိုင်သည်။ junglerကလည်း အထောက်အပံ့ လက်ဝှေ့ထိုးသမား ဖြစ်နေသည်။ midlanerက အရံ ဖျက်ဆီးသူမှော်ဆရာ ဖြစ်နေသည်။ အထောက်အပံ့ အလင်းဒိုင်း ယူထားပြီး maskmanအနေနှင့် သူတို့က လေဝိညာဉ်ရလိုက်သည်။
ထင်မြင်သုံးသပ်ချက်ပေးသူ ၂ယောက်ကလည်း ခွဲခြမ်းစိတ်ဖြာပြသည်။
"ထျန်းဟွမ်ရဲ့ အဓိက နေရာတွေကို top,bottom lanerတွေက ယူထားတာပဲ၊ ယွဲ့ယင်ရဲ့ အဓိက နေရာတွေကိုတော့ top,bottom နဲ့ midနေရာတွေက ယူထားတယ်၊ ၂ဖက်လုံးရဲ့ အထောက်အပံ့တွေက အရမ်းကို tankဖြစ်တယ်၊ ဒီတော့ အသင်းလိုက်တိုက်ပွဲ စနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားကြပြီးသားပဲ၊ line upအရ ကြည့်မယ်ဆိုရင် နှစ်ဖက်လုံးရဲ့ balanceက ညီတယ်၊ line upကလည်း တည်ငြိမ်သေးတယ်၊ အသင်းလိုက်တိုက်ပွဲရဲ့ ရလဒ်က ကစားသမားတွေ အချိန်ကိုက် ဘယ်လိုဖမ်းဆုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်သွားပြီ"
"ဟုတ်တယ် သူတော်စင် ဝိညာဉ်မှော်ဆရာက ပြိုင်ဘက်ကို မလှုပ်နိုင်အောင် အင်အားသုံးပြီး ချိတ်ပိတ်ထားနိုင်စွမ်းအား ရှိသေးတယ်၊ ဒီတော့ လေဝိညာဉ်ကို ရင်ဆိုင်တဲ့အခု ပိုပြီး သက်ရောက်မှုရှိသွားတယ်၊ ဒါကြောင့်ပဲ ဒီတစ်လှည့်မှာ ရှောင်ယွီက blink skillကို ထည့်သုံးထားတာ၊ ဒီလိုဆိုရင် သူက ချိတ်ပိတ်ထားတာကို မဖျက်နိုင်ရင်တောင်မှ ခုန်ထွက်သွားနိုင်လိမ့်မယ်"
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...