Part 140

636 58 2
                                    


အပိုင်း (140)

ပုံမှန် season၏ တတိယတစ်သုတ်တွင် ၅ပတ်ရှိသည်။ နှစ်ပတ်က ပြီးဆုံးသွားပြီဖြစ်ပြီး group sမှ ခြောက်သင်းကလည်း အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ပြီးလေပြီ။

ထျန်ဟွမ် 2-1 ၊ ကျင်းကျယ် 2-0၊ ဟော်ဝမ် 2-0 ၊..... နှစ်ပွဲနိုင်၊ အသားတင်အမှတ်.. 3

ပင့်မူ 2-1၊ ယွဲ့ယင် 2-0 ၊ ဟော်ဝမ် 2-0 ၊ .....နှစ်ပွဲနိုင်၊ အသားတင်အမှတ်....3

နှစ်သင်းက ပထမနေရာအတွက် သရေကျနေသည်။

ကျင်းကျယ် 2-1၊ ဟော်ဝမ် 1-2၊ ထျန်းဟွမ် 1 ၊....တစ်ပွဲနိုင်၊ အသားတင်အမှတ်.... 0

ဟော်ဝမ် 2-1၊ ယွဲ့ယင် 0-2၊ ပင့်မူ 1၊.... အသားတင်အမှတ် -1

နှစ်သင်းလုံးကလည်း တစ်ပွဲစီနိုင်ကာ တစ်ပွဲစီရှုံးထားသော အနေအထားမျိုးနှင့် သရေကျနေပြန်သည်။

ယွဲ့ယင်က နှစ်ပွဲဆက်တိုက် ရှုံးထားသည်။ ထို့ကြောင့်အသားတင်အမှတ်က -2ဖြစ်နေလေသည်။

ပင်းဟွန်းက နှစ်ပွဲဆက်တိုက် ရှုံးထားသောကြောင့် အသားတင်အမှတ်က -3 ဖြစ်သွားသည်။

လက်ရှိ အဆင့်သတ်မှတ်ချက်မှ တစ်ဆင့် ထျန်းဟွမ်က အနိုင်ဘက်ထဲသို့ ဝင်ရန် အခွင့်အရေး မြင့်နေသည်။

ဒီseasonတွင် ယွဲ့ယင်က group s၏ ဒုတိယတစ်သုတ်တွင် အထုတ်ခံခဲ့ရသည်။ အကြောင်းမူကား ရှဲ့ဝေ့ယွီနှင့် ရွှီကျိုးတို့က အချင်းချင်း နားလည်မှုအရယူရန် အချိန်မရှိသောကြောင့် ဖြစ်သည်။ သူတို့​က group sသို့ ပြန်ရောက်လာသော်လည်း topနှင့် bottom laneများ၏ ဟန်ချက်ကို အပြည့်အဝ မဖြည့်စည်းရသေးချေ။

ယဲ့ရှောင်းယန်က ရှဲ့ဝေ့ယွီနှင့် ဆက်ဆံရေး ကောင်းသည်။ သူကလည်း ရှောင်ယွီက အသားကုန် ကြိုးစားပြီး သီးသန့်လေ့ကျင့်တတ်ကြောင်း နားလည်ထားပြီးသား ဖြစ်သည်။ သို့သော် group sမှ အခြားသော အသင်းများကလည်း အလွန်ကြိုးစားကြလေသည်။ ယွဲ့ယင်အနေဖြင့် ယခုရလဒ်မျိုးဖြင့် အနိုင်ဘက်သို့ ဝင်ရန် မဖြစ်နိုင်ပေ။

အရှုံးအဖွဲ့များတွင် မျှော်လင့်ချက် မရှိဟု ဆို၍ မရချေ။ pro league ၏ သမိုင်းတွင် အရှုံးဘက်ထဲမှ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းပေါင်းများစွာ ရှိခဲ့ဖူးသည်။ ထို့အပြင် ပုံမှန် season၏ အဆုံးသတ်ပြီးလျှင် နှစ်လခန့် အချိန်ရဦးမည်ဖြစ်သည်။ ထို့ကြောင့် အားလုံးက မသေချာသေးချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now