Part 109

1.1K 144 2
                                    


အပိုင်း (109)

ဂိမ်းထဲသို့ ဝင်ပြီး ၅မိနစ်ခန့် ကြာပြီးနောက် ပထမဦးဆုံး နဂါးသေးက ပေါက်ဖွားလာသည်။

ထိုတစ်ခဏတွင် ရန်သူ junglerက အရင်းမြစ်အများကြီး ရထားပြီးသား ဖြစ်​နေသည်။ သူက အဆင့်၇သို့ ရောက်သွားနှင့်ပြီ​ဖြစ်ပြီး midlanerနှင့် maskmanတို့က သူတို့၏ ultအသီးသီးကို ရသွားကြသည်။ သူတို့က အဆင့် ၆ဖြစ်နေကြ၏။ ချက်ချင်းအသတ်ခံရပြီးသောကြောင့် toplanerက အဆင့် ၆သို့ မရောက်သေးချေ။ အလားတူစွာပင် အထောက်အပံံ့ကလည်း အဆင့် ၆သို့ မရောက်သေးချေ။

အခြားတစ်ဖက်တွင် ချီရှို့၏ junglerက အဆင့်၅တွင် ဖြစ်နေသည်။ သူကလည်း သူ၏ ငွေကြေးများကို maskmanကို ခွဲပေးထားရ၏။ damageအဓိကယူသော ကျောင်းရှင်းအန်း၊ စင်းနှင့် ရှဲ့ဝေ့ယွီတို့က အဆင့်၆သို့ ရောက်နေကြသည်။

အဆင့်အားသာချက်အရ ယှဥ်သော် ချီရှို့ဘက်က အားနည်းနေသည်။ ချီရှို့၏ အဆင့်က ချွဲဟုတ်ထက် ၂ဆင့်ခန့် နိမ့်နေပြီး ပစ္စည်းကလည်း အခြေအနေ ဆိုးနေသည်။ ပို၍ဆိုးသည်မှာ ချီရှို့က ဒီတစ်ပွဲတွင် အထောက်အပံ့ junglerဖြစ်သည်။ သူကလည်း outputစွမ်းရည်များ မရှိထားသေးချေ။ ထို့ကြောင့် သူက တိုက်ခိုက်သူများ၏ ဘုရင်၏ စွမ်းရည်ကို သုံးပြီး ရန်သူကို comboတစ်ချက်တည်းဖြင့် သတ်နိုင်သော အခြေအနေမျိုးကို မယှဥ်နိုင်ချေ။

သို့ရာတွင် ယဲ့ရှောင်းယန်ကမူ အသင်းလိုက်တိုက်ပွဲကို တိုက်ခိုက်နိုင်သည်ဟု ခံစားရသည်။

သူတို့ဘက်မှ toplanerက အဆင့်၆သို့ ရောက်နေပြီး ကျောင်းရှင်းအန်း၏ သွေးစုပ်မြို့စား၏ ultက hpကို ပြန်လည်သိုလှောင်ပေးနိုင်သည်။ သူကသာ စင်းနှင့် ပူးပေါင်းလိုက်ပြီး ရန်သူ၏ maskmanကို သတ်လိုက်နိုင်မည်ဆိုလျှင် ယဲ့ရှောင်းယန်ကလည်း သူတို့၏ maskmanကို ခြုံခိုတိုက်ခိုက်လာမည့် အရေးမှ ကာကွယ်နိုင်သည်။ ထို့​နောက် ရှဲ့ဝေ့ယွီက သူ၏ လျင်မြန်ဖျတ်လတ်သည့် ရွေ့လျားမှု skillများကို သုံးပြီး မြင့်မားသော damage outputအားကို ထုတ်ခြင်း အားဖြင့် ချီရှို့၏ jungler ထံမှ damageလိုအပ်ချက်ကို ဖာထေးပေးနိုင်ပေလိမ့်မည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now