Part 142

605 87 2
                                    


အပိုင်း (142)

ဟော်ဝမ်က ထျန်းဟွမ်နဲ့ တိုက်ခိုက်တဲ့အချိန်မှာ ပျံသန်းနိုင်တဲ့ junglerကို banသွားတာ မအံ့သြတော့ပါဘူး။ ဆိုတော့ ဒါကြောင့် မဟုတ်လား။

/နေနဲ့လအတွဲက တော်တော်လေး ကြောက်စရာကောင်းတယ်၊ သူတို့က အတွင်းမျှော်စင်ထဲကိုတောင် ပျံဝင်ပြီး လူသတ်လိုက်သေးတယ်/

/ထျန်းဟွမ်က ဒီလို နှစ်ယောက်တွဲ comboတွေ သီးသန့် လေ့ကျင့်ထားလောက်တယ်၊ ဒါကို ဟော်ဝမ်က ဘယ်လိုသိတာလဲ/

/ သူတို့က လေ့ကျင့်ရေးပွဲစဥ်မှာ ဒါမှမဟုတ် အဆင့်တက်ပွဲစဥ်မှာ သုံးဖူးလို့ ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် ဟော်ဝမ်က ဒီအကြောင်းကို သိနေပြီး ပွဲစဥ်အတွင်းမှာ နှင်းငှက်ကို banသွားတာပေါ့၊ ပင်းဟွန်းက ဒီအကြောင်းကို မသိလောက်ဘူး၊ ဒါကြောင့် မ banတာဖြစ်လောက်မယ်/

နေရောင်နှင့် လရောင်တို့၏ သတင်းက နိုင်ငံတကာဆာဗာ proကစားသမားအဖွဲ့တွင်သာ ပျံ့နှံ့နေခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူများက ထိုအကြောင်းအရာကို မသိထားချေ။ ရှောင်းဝေ့ကလည်း ထူးဆန်းသည်ဟု ခံစားရသည်။ သူက ခေါင်းကို ငုံ့ကာ ပြော၏။

"ရှောင်ပိုင်နဲ့ ချီရှို့တို့က ဒီ comboကို သီးသန့် လေ့ကျင့်ထားတာ ဖြစ်လောက်တယ်၊ ခေါင်းဆောင်ကျိုးက ဒါကို မြင်ခဲ့လို့များလား၊ ငါနောက်မှ လိုက်မေးကြည့်လိုက်မယ်"

ဖန်သားပြင်ကြီးတွင်လည်း ထို match ပွဲ၏ replay ပြန်ပြနေသည်။ ရှောင်းဝေ့က ခွဲခြမ်းစိတ်ဖြာပြ၏။

"ထျန်းဟွမ်ရဲ့ bpက တော်တော်လေး ကောင်းတယ်၊ သူတို့က အနီအသင်းမှာ၊ ဒါကြောင့် ခေါင်းဆောင်ချန်းရဲ့ အထောက်အပံ့တွေအားလုံးကို လွှတ်ထားပေးခဲ့သေးတယ်၊ ပင်းဟွန်းရဲ့ first pickက အထောက်အပံ့ကို အရင်လုနေကျပဲလေ၊ အဲဒီနောက် ထျန်းဟွမ်က ဒီအတွဲကို ယူချလိုက်တာပေါ့၊ ပင်းဟွန်းက အထောက်အပံ့နေရာကို အရင်ရွေးလိုက်ပြီးပြီဆိုမှတော့ သူတို့ကလည်း အထောက်အပံ့နေရာကို ဆက်ရွေးလို့ မရနိုင်တော့ဘူး၊ သူတို့က ဒီအတွဲရဲ့ junglerနဲ့ midlanerကို ရင်ဆိုင်ဖို့ပဲ ရွေးချယ်စရာ ရှိခဲ့တာကိုး၊ ဒီလိုနည်းလမ်းနဲ့ ထျန်းဟွမ်က ကောင်းချီးပေးအလင်းကို ယူနိုင်ခဲ့တယ်၊ ဒီနည်းအားဖြင့် ဒီအတွဲကို ကာကွယ်နိုင်မဲ့လူက ရှိသွားပြီ၊ ပြောရမယ်ဆိုရင် ထျန်းဟွမ်က bpအဆင့်မှာကတည်းက တစ်ဖက်ရဲ့ အကွက်ကို ကြိုမြင်ပြီးသား"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now