Part 107

1.4K 172 7
                                    


အပိုင်း (107)

ယဲ့ရှောင်းယန်က နောက်ဆုံးတွင် ဟော်တယ်သို့ ပြန်ရောက်သွားသောအခါ မနက်၁နာရီ ထိုးနေလေပြီ။ သူက နောက်တစ်​နေ့ နေ့လယ်အထိ အိပ်လိုက်သည်။ အိပ်ရာနိုးလာသောအခါ မျက်နှာသစ်ကာ အောက်ထပ်သို့ ဆင်းပြီး ကန်တင်းတွင် နေ့လယ်စာစားရန် ပြင်ဆင်ထားသည်။ ထို့ကြောင့် သူက ထွက်လိုက်သည့် အချိန်တွင်ပင် မျက်နှာချင်းဆိုင်အခန်းမှ ထွက်လာသော ချီရှို့နှင့် တိုးသည်။

သူ၏ ချောမောသော မျက်နှာတွင် မည်သည့် အမူအယာမှလည်း မရှိနေသလို ဆံပင်များကလည်း စိုနေသေးသည်။ သူက ရေချိုးပြီးခါစ ဖြစ်လောက်၏။ သို့သော် ယဲ့ရှောင်းယန်ကို မြင်လိုက်ချိန်တွင် သူ၏ အမူအယာက ချက်ချင်း နူးညံ့သွားပြီး သူ၏ မျက်လုံးထဲတွင် ညင်သာမှုများက ပေါ်လာသည်။

"အခုမှ နိုးတာလား"

ယဲ့ရှောင်းယန်က ခေါင်းညိတ်သည်။

"အင်း ငါမနေ့ညက အိပ်တာတအားနောက်ကျသွားတယ်"

"အရင်ဆုံး တစ်ခုခု စားရအောင်"

ချီရှို့က ပြောသည်။

သူတို့၂ယောက်က ဘေးချင်းယှဥ်လျက် လျှောက်ကာ ကန်တင်းသို့ ဆင်းလိုက်သည့်အချိန်တွင် ပြတင်းပေါက်နားတွင် ကပ်ထိုင်နေသည့် ရှဲ့ဝေ့ယွီကလည်း သူ၏ အစားအစာကို တိတ်တဆိတ် စားနေကြောင်း မြင်လိုက်ရသည်။

"ရှောင်ယွီ၊ မင်းအခုမှ ဒီကိုရောက်တာလား"

ယဲ့ရှောင်းယန်က သူ့ကို နှုတ်ဆက်ကာ မေးလိုက်သည်။

ရှဲ့ဝေ့ယွီက ယဲ့ရှောင်းယန်ကို ပြုံးပြကာ ပြောသည်။

"ငါလည်း အခုမှ နိုးတာ၊ ခေါင်းဆောင်ရွှီတို့က အိပ်နေကြတုန်းပဲ"

ယဲ့ရှောင်းယန်က ပန်းကန်ပြားကို ကိုင်ထားပြီး သူကြိုက်သော အစားအစာများနှင့် အစာသွပ်မုန့်များကို ထည့်သည်။ ထို့နောက် တစ်ချက်​ပြန်လှည့်လာပြီး ရှဲ့ဝေ့ယွီနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ ချီရှို့ကလည်း လက်ထဲတွင် ပန်းကန်ပြားနှင့်အတူ ပြန်ရောက်လာသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now