အခန်း (၁၂၁)
ယဲ့ရှောင်းယန်ကလည်း ထိုအမျိုးသမီး ဆရာဝန်က မည်သူဖြစ်ကြောင်း သိပ်မကြာခင် မှတ်မိသွားသည်။
ဒေါက်တာရွယ်က သူက အိုမီဂါအဖြစ် ပြောင်းလဲသွားပြီး ချီရှို့က သူနှင့်အတူ လိုက်ကာ ဆေးရုံသို့ လာခဲ့သည့်ရက်တွင် တွေ့ခဲ့သော ဖယ်ရိုမုန်းကို အထူးပြု ကုသပေးသည့် ဒေါက်တာ ဖြစ်သည်။ ထိုအချိန်က သူက ဖုန်းနံပါတ်ကို ချန်ထားခဲ့ပြီး တစ်ဖက်သူကို ပိုက်ဆံပေးရန် မေ့သွားရှာခဲ့ပြီး သူက ဌာနကိုလည်း တားမြစ်ဆေး ဖော်စပ်ပေးရန် တောင်းဆိုခဲ့ရသေးသည်။
ထိုကြောင့် သူမကို အသံကို ရင်းနှီးနေသည်မှာ အံ့ဩစရာမရှိချေ။ ယဲ့ရှောင်းယန်က အလျင်စလို ဖြေလိုက်သည်။
"ဟဲလို ဒေါက်တာ ကျွန်တော့ရဲ့ ဖယ်ရိုမုန်း တန်ပိုက အခုတလော တည်ငြိမ်နေပါသေးတယ်။ ကောင်းကောင်းလည်း ထိန်းချုပ်ထားနိုင်ပါတယ်။ ခြောက်အောက်မှာပဲ ရှိနေပါတယ်"
ဒေါက်တာရွယ်က စိုးရိမ်မှုဖြင့် ပြောသည်။
"မင်းရဲ့ကောင်လေးက အချိန်မှီ အမှတ်အသား လုပ်ပေးတဲ့ပုံပဲ။ ဟုတ်တယ် မဟုတ်လား"
ယဲ့ရှောင်းယန်က ကြောင်သွားသည်။
"ကောင်လေး ဟုတ်လား"
ဒေါက်တာရွယ် .. "အဲ့ဒီနေ့က နင့်ကို အဖော်ပြုပြီး ဆေးရုံကို လိုက်လာခဲ့တဲ့ အယ်ဖာကို ပြောတာလေ။ အဲ့ဒီချိန်က ယာယီအမှတ်အသားက အချိန်အကန့်အသတ်ရှိပြီး ဖယ်ရိုမုန်း တန်ပိုကလည်း မတည်ငြိမ်တာနဲ့ ငါနင့်ကို သတိပေးခဲ့တယ် မဟုတ်ဘူးလား"
ယဲ့ရှောင်းယန်က သတိရသွားသည်။
ဒေါက်တာက ချီရှို့ကို ရည်ညွှန်းနေခြင်း ဖြစ်လောက်သည်။ ထိုအချိန်က အခြေအနေကြောင့် သူကလည်း ခေါင်းဆောင်ချီကို သူ့အား အမှတ်အသားပြုပေးရန် အကူအညီ တောင်းခဲ့ရသည်။ ဒေါက်တာကလည်း ချီရှို့ကို သူ၏ ကောင်လေးဟု အထင်မှားသွားသည်။ သို့သော် သူကလည်း ဆက်လက်ပြီး မရှင်းပြခဲ့ချေ။
ယဲ့ရှောင်းယန်က ချောင်းသာ တစ်ချက်ဟန့်လိုက်သည။
"တရုတ်နှစ်သစ်ကူး အတောအတွင်း ငါရဲ့ ဖယ်ရိုမုန်းက ရုတ်တရက် ထိုးတက်လာခဲ့သေးတယ်။ ဒါကြောင့် ငါသူ့ကို အမှတ်အသား လုပ်ခိုင်းခဲ့တယ်။ တန်ပိုကတော့ အခုတစ်လော တော်တော်လေး တည်ငြိမ်နေပါတယ်။ မနက်တိုင်းလိုလို ငါစစ်ပါတယ်"
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...