အပိုင်း (130)
ကျင်းကျယ်၏ အထောက်အပံ့က ပုံမှန်တိုက်ခိုက်သော ပုံစံမျိုးနှင့် မြေပုံအနှံ့သွားလာနေသည်။ ထျန်းဟွမ်၏ ပျောက်ကြားပုံစံကမူ ယဲ့ရှောင်းယန်၊ ချီရှို့၊ ချွီကျန်းတို့က အတူသွားနေသော ပုံစံမျိုး ဖြစ်သည်။ အထောက်အပံ့က အရှိန်နှုန်းမြှင့်ပေးနိုင်ပြီး ပျောက်ကျားပုံစံဖြင့် တိုက်ခိုက်သည့် တိုက်ပွဲကို လျင်မြန်စွာဖြင့် စတင်နိုင်သေးသည်။ ပြည်သူများကလည်း ကြာပွတ်သုံးလက်ဟုပင် စနောက်နေသေးသည်။
ကျင်းကျယ်၏ လေးသည်တော်က bottom laneတွင် တစ်ယောက်တည်း ကျန်ခဲ့သည်။ ဖန်းကျန်းချင်က ဒီဂိမ်းတွင် အလျင်မြန်ဆုံး တိုးတက်လာခဲ့သည့် ကစားသမား ဖြစ်သည်။ ဂိမ်းစပြီး ၅မိနစ်ခန့် ကြာပြီးနောက် ယဲ့ရှောင်းယန်က ဂိမ်း၏ အချက်အလက် စာရင်းကို ဖွင့်ကြည့်လိုက်သောအခါ ဖန်းကျန်းချင်၏ အရိပ်မှော်ဆရာက ငွေကြေးအမြင့်ဆုံးရထားကြောင်း တွေ့လိုက်ရသည်။ မသိလိုက်မသိဘာသာပင် သူက ယဲ့ရှောင်းယန်ထက် ၃ရာသာနေပြီဖြစ်သည်။
ထိုပမာဏက အများကြီး မဟုတ်သေးသော်လည်း ထပ်ပေါင်းထည့်နိုင်သည်။ သူကသာ ဆက်လက်ပြီး များပြားနေခဲ့လျှင် ပစ္စည်းများကို သူက အရင်ရသွားမည်ဖြစ်သည်။
ချီရှို့က အဆင့်၆သို့ ရောက်သွားပြီဖြစ်သည်။ ယဲ့ရှောင်းယန် လျင်မြန်စွာဖြင့် bottom laneသို့ ဆင်းပြီး minionများကို ရှင်းသည်။
ရှဲ့ယွမ်က bottom laneတွင် 1v2 တိုက်ခိုက်နေသည်။ bottom laneတွင် လေးသည်တော်က အဝေးမှ တိုက်ခိုကိနိုင်စွမ်းအား ရှိပြီး ချွီကျန်း၏ healerကလည်း သူ့ကို heal လုပ်ပေးနိုင်သည်။ ရှဲ့ယွမ်က ဖိနှိပ်ခံထားရသည်။ သူ၏ အတွေးယဥ်ကြောထဲ ခန့်မှန်းကြည့်မည်ဆိုလျှင် tank damage output ပစ္စည်းမျိုးကို ရရန်နှင့် တိုက်ခိုက်နိုင်စွမ်းအား အရှိန်မြှင့်သည့် ပစ္စည်းမျိုးကိုလည်း လိုအပ်နေသေးသည်။
ကျိန်စာမှော်ဆရာက စက္ကန့်တိုင်းလိုလို မှော် damageများကို ကိုင်တွယ်နိုင်သည့် ကျိန်စာများကို ဆက်တိုက် ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည်။ တိုက်ခိုက်သည့် အရှိန်နှုန်းက မြင့်လေလေ ကျိန်စာများ၏ ထိမှန်နှုန်းက မြန်ဆန်လေလေ ဖြစ်သည်။ ရှဲ့ယွမ်၏ လက်နက်များက သာမန်တိုက်ခိုက်မှု(ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု)နှင့် ကျိန်စာ(မှော်စွမ်းအင်)ဆို၍ ပူးပေါင်းရောနှော ယူဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် minionများကို လျင်မြန်စွာ ရှင်းလင်းနိုင်နေခဲ့သည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...