Part 114

1K 130 2
                                    


အခန်း (114) နောက်ဆုံးပွဲစဥ်

ပထမပွဲတွက် ရှုံးပြီးနောက် လော့ရှန်းသျန်၏ နည်းပြက ချောမွေ့စွာဖြင့် အသံလုံခန်းထဲသို့ ဝင်ရောက်လာသည်။

သိမ်းငှက်မျက်လုံးကဲ့သို့ အမြင်စူးရှသော ရှုထောင့်မျိုးမှ ပြိုင်ပွဲကို ကြည့်ခဲ့ရသည့်အလျောက် ထျန်းဟွမ်က ဒီအချိန်အတောတွင်း အလွန်တိုးတက်လာကြောင်း သိလိုက်ရသည်။ midlanerက ဂိမ်း၏ ဟန်ချက်ကို ချသည်ဆိုသော အစပိုင်းမှ စတင်ပြီး mid/jungle အတွဲက အခြေအနေကို ပြောင်းလဲသော အချိန်တွင်ဖြစ်စေ၊ ချီရှို့၏ junglerအမြုတေက ပေါ်ထွက်လာသော အချိန်တွင်ဖြစ်စေ ပြောင်းလဲမှုက တိုးတက်လာခဲ့ကြောင်း သိသာပြီးသား ဖြစ်သည်။

ဒီနေ့တွင်ပင် တစ်သင်းလုံးက တစ်ယောက်ကိုယ်တစ်ယောက် အချင်းချင်းနားလည်မှုအပြည့်ကို ထုတ်ဖော်ပြသခဲ့ခြင်းအားဖြင့် ၅ယောက်လုံးက တစ်သင်းလုံး၏ တိုက်ပွဲတွင် ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ပြသွားခဲ့သည်။ သူတို့၏ skillက ချောမွေ့စွာဖြင့် လိုအပ်သည့်နေရာတွင် တိုက်ရိုက်ကွက်တိ အချိန်ကိုက် သုံးနိုင်သည်။ အထူးသဖြင့် maskmanအနေဖြင့် ကစားသော ချန်းရှင်းအတွက်ဖြစ်သည်။ သူ၏ လုပ်ဆောင်မှုကလည်း သိသိသာသာပင် အသိအမှတ်ပြုစရာ ဖြစ်လာသည်။

ထျန်းဟွမ်၏ တိုးတက်မှုက အမှန်တကယ်ပင် ကြောက်စရာပင် ကောင်းလွန်းသည်။ လော့ရှန်းသျန်က ဒုတိယပွဲတွင် ရှုံးသွားသည်နှင့် သူတို့က group aမှ အဆင့်တက်ရန် နည်းလမ်းမရှိတော့ချေ။ ထို့ကြောင့် သူတို့က ဒုတိယ ဂိမ်းပွဲကို အနိုင်ယူရန် အခြေအနေကို တွေးတောရတော့ပေမည်။

နည်းပြက မျက်မှောင်ကြုတ်ပြီး ခပ်မြန်မြန်ပင် စိတ်အေးအောင် ထိန်းလိုက်သည်။

"လဲ့ယန်ရဲ့ hero pullက တော်တော်လေးကို နက်တယ်၊ ငါတို့က midlane heroတွေကို banပြီး အာရုံစိုက်လိုက်ရင်တောင်မှ အားလုံးကို လိုက်banနိုင်မှာမဟုတ်ဘူး၊ ငါတို့ ဒုတိယဂိမ်းပွဲမှာ bottom laneကိုပဲ အဓိက အာရုံစိုက်ထားသင့်တယ်၊ ငါတို့ အဲဒီနေရာကနေ ချိုးဖြတ်တက်ကြမယ်"

သူတို့က မည်မျှ မြင်နိုင်စေကာမူ ထျန်းဟွမ်၏ bottom lane က သူတို့၏ အားနည်းချက် ဖြစ်နိုင်သေးလေသည်။ သူတို့ကသာ အရင်ဆုံး bottom laneတွင် အပြောင်းအလဲဖြစ်အောင်လုပ်လိုက်ခဲ့ခြင်းအားဖြင့် သူတို့၏ maskmanနှင့် အထောက်အပံ့ကို midlaneမှ တိုးတက်မှုများနှင့်အတူ လိမ်ယှက်ခြင်းအားဖြင့် ယဲ့ရှောင်းယန်ကလည်း ဟန်ချက်ကို ထိန်းနိုင်တော့မည်မဟုတ်ချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now