အပိုင်း (144)
ဟော်တယ်သို့ ပြန်ပြီးနောက် နည်းပြလင်းက လူတိုင်းနှင့်အတူ ပုံမှန်တိုင်းလိုလို ဒီနေ့ ဂိမ်းပွဲအကြောင်း ပြန်လည်သုံးသပ်ကြသည်။ သူက အစမှ အဆုံးအထိ ဂိမ်းvdကို စပြီး ပြန်လည် replay ကြည့်ပြီးနောက် လူတိုင်းကိုလည်း ထင်မြင်ချက်များ မေးမြန်းသည်။ အားလုံးပြီးသောအခါ ၁၁နာရီ ထိုသွားပြီဖြစ်သည်။ ထိုအခါမှသာ အားလုံးကို ပြန်ကာ အနားယူခိုင်း၏။
ယဲ့ရှောင်းယန်က အဆောင်အခန်းတံခါးဆီ လျှောက်သွားချိန်တွင် ချန်းချန့်ဟွားက သူ့ကို အပ်မည်ဆိုသော အကြောင်းအရာကို သတိရသွားသည်။ သူက ချီရှို့ကို ပြောလိုက်သည်။
"ဟုတ်သားပဲ ခေါင်းဆောင်ချီ၊ မင်းခေါင်းဆောင်ချန်းရဲ့ နာမည်ကတ်ပြား ရှိလား၊ ငါသူ့ကို friအဖြစ် အပ်ချင်လို့"
ချီရှို့က သူ၏ ဖုန်းကို ထုတ်လိုက်ပြီးနောက် သူ၏ fri listမှ ရှောင်ချန်း၏ နာမည်ကို ရှာသည်။ ထို့နောက် ယဲ့ရှောင်းယန်ဆီ ပို့ပေးလိုက်၏။
ယဲ့ရှောင်းယန်က ကျေးဇူးတင်လိုက်ပြီးနောက် တံခါးကိုဖွင့်ကာ ဝင်သွားသည်။
ချီရှို့က ရုတ်တရက် လှမ်းမေးလိုက်သည်။
" မင်း ချန်းချန့်ဟွားနဲ့အတူ အဆင့်တက်ပွဲစဥ် ကစားမှာလား"
ယဲ့ရှောင်းယန်က ပြန်ဖြေသည်။
"ခေါင်းဆောင်ချန်းရဲ့ အခြေအနေကို ကြည့်ရပါဦးမယ်၊ သူက ပွဲကို ရှုံးထားပြီး စိတ်အခြေအနေ မကောင်းဘူးဆိုရင်လည်း ငါသူနဲ့အတူ ဂိမ်းမကစားချင်ဘူးလေ"
ချီရှို့က ပြောသည်။
"ညနက်အထိ မနေနဲ့၊ ငါတို့က ဒီတိုင်း ပွဲပြီးခါစဆိုတော့ ခေါင်းကို အနားပေးဖို့ လိုအပ်သေးတယ်"
ယဲ့ရှောင်းယန်က ပြောသည်။
"သိပါပြီ၊ ဘာပဲ ဖြစ်ဖြစ် ငါက စောစောအိပ်ပြီး စောစောထတဲ့ esport ကစားသမားလေ"
သူတို့နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် ပြုံးကြည့်လိုက်ကြပြီး နှုတ်ဆက်လိုက်ကြသည်။
ချီရှို့က အနောက်လှည့်ပြီး အခန်းထဲသို့ ဝင်သည်။ ထိုသို့ ဝင်ပြီးပြီးချင်း စာတစ်စောင်က ရောက်လာ၏။ ဖွင့်ကြည့်လိုက်သောအခါ ချန်းချန့်ဟွားက ပို့ထားခြင်း ဖြစ်နေသည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...