အပိုင်း (137)
"ထျန်းဟွမ်ကို ပထမပွဲမှာ နိုင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒီတစ်ပွဲရဲ့ mvpကတော့ ထျန်းဟွမ်ဖန်ရှင်းပါပဲ"
"ဒီပွဲမှာ ရှောင်ရှင်းရဲ့ လုပ်ဆောင်မှုက တော်တော်လေး ထူးချွန်တယ်၊ သူက အစကနေ အဆုံးထိ မသေသွားခဲ့ဘူး၊ သူက ဒီအသင်းတိုက်ပွဲမှာ damage ၄၅%ကိုတောင် ယူသွားနိုင်ခဲ့သေးတာ၊ နောက်ပြီး ငါတို့ကိုလည်း ရောင်စုံမီးပန်းရှိုးပွဲပြပြီး ခံစားခိုင်းခဲ့သေးတယ်လေ"
လူအုပ်ကြီးက ရယ်ကြပြန်သည်။
Mvpအချက်အလက်ကတ်ကလည်း ဖန်သားပြင်ကြီးတွင် ပေါ်လာသည်။ ချန်းရှင်း၏ ပုံက ကြီးသွား၏။ ဘေးဘက်တွင်လည်း ဒီ seasonမှ သူ၏ အချက်အလက်များ ပါသည်။ ထိုထဲတွင် သူ၏ အနိုင်ရနိုင်နှုန်း၊ hero poolနှင့် kda rating၊ mvpအရေအတွက်တို့ ပါသည်။
သူက mvpအနည်းဆုံး maskmanဖြစ်သည်။ သို့ရာတွင် ရှောင်ရှင်း၏ တောင့်တင်းနေသော အပြုံးကို ကြည့်ခြင်းအားဖြင့် ကြည့်ရှုသူများက ရယ်မိသွားကြသည်။
/ဘာလို့ ရှောင်ရှင်းက ကွပ်မျက်ခံရတော့မဲ့ နေရာကို အပို့ခံရသလိုမျိုး ဖြစ်နေတာလဲ/
/ သူ့ရဲ့အပြုံးက တောင့်တင်းနေတာပဲ၊ ဓာတ်ပုံရိုက်တဲ့သူက သူ့လည်ပင်းကို ဓားထောက်ထားလို့လား/
/ ရှောင်ရှင်း မင်းပြန်ပေးဆွဲခံထားရရင် မျက်တောင်ပဲ ခတ်လိုက်/
/ရိုးရိုးသားသားပြောရရင် ရှောင်ရှင်းက ထျန်းဟွမ်ရဲ့ အားနည်းချက်ဆိုပေမဲ့လည်း သူ့ရဲ့ တိုးတက်မှုကလည်း တော်တော်လေး မြန်လာပါတယ်/
/ထျန်းဟွမ်မှာ မိစ္ဆာဘုရင်ဆိုတဲ့ လဲ့ယန်အမည်ရတဲ့သူ ရှိနေပြီးပြီ ၊ ရှောင်ရှင်းကတော့ ဒီတိုင်း အသစ်လေးပဲ ဖြစ်လိုက်ပါ/
/ ရှောင်ရှင်းရဲ့ weiboပေါ်က သေနည်းတစ်ရာကို မြင်ပြီးတဲ့နောက်မှာတော့ ဒီချစ်စရာကလေးလေးကို သနားနေမိပြီ/
/ ရှောင်ရှင်း ကြိုးစားထား/
အသံလုံခန်းထဲတွင် ချန်းရှင်းက နားကြပ်ကို ဖြုတ်ပြီး စိတ်လှုပ်ရှားစွာ အော်သည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...