Part 105

1.5K 187 8
                                    

အပိုင်း (105)

ယဲ့ရှောင်းယန်က နားကြပ်ကို ဖြုတ်ပြီးခါစ ဖြစ်သည်။ သူက ထိုသို့ဖြုတ်ပြီးပြီးချင်း အချိန်မှာတင် ချီရှို့က လာဖက်ခြင်းကို ခံလိုက်ရသည်။

သူကိုယ်တိုင်ကလည်း တစ်စက္ကန့်ခန့် မှင်တက်သွားသေးသည်။ ထိုအချိန်တွင် ချီရှို့က နားနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သော စကားသံကို ကြားလိုက်ရသည်။

"ရှောင်းယန် ကျေးဇူးပါပဲ"

ချီရှို့တွင် ပြောချင်သည့် စကားပေါင်းများစွာ ရှိနေသည်။ သို့သော် သူက သူ့ကိုယ်သူ ရိုးရှင်းသော ကျေးဇူးတင်ပါသည် ဆိုသော စကားလုံးဖြင့်သာ ဖိနှိပ်လိုက်ရသည်။

ငါ့ဆီလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ထျန်းဟွမ်ကို ဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မင်းကသာ ငါ့ကို junglerအမြုတေနေရာမှာ ယုံကြည်မှုပြန်ရစေခဲ့တဲ့ သူပဲ။ နောက်ပြီး ထျန်းဟွမ်ကိုလည်း မျှော်လင့်ချက် ရစေတယ်။ ဒီလိုနဲ့ ချန်ပီယံရှစ်ပ်ပလ္လင်ကို ဆက်တက်နိုင်မယ်ဆိုတဲ့ ယုံကြည်မှုမျိုး၊ သတ္တိမျိုး ပေးစွမ်းနိုင်ခဲ့တယ်။

ယဲ့ရှောင်းယန်၏ နှလုံးသားက ချီရှို့၏ ကျေးဇူးတင်သည်ဆိုသော စကားကြောင့် နူးညံ့သွားသည်။ သူကလည်း ချီရှို့က သူ့ကို ကျေးဇူးတင်နေသည့် အကြောင်းအရာကို သိသည်။ ချီရှို့က ရင်ဆိုင်နေရသည့် ဖိအားကိုလည်း ရှင်းရှင်းလင်းလင်း နားလည်လေသည်။ သူက ယခင်က ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဖြစ်၏။ သူ၏ ယခင်ဘဝတွင် GDအသင်းက ရှုံးသွားချိန်တိုင်း အမြဲတစေ အဆူအခံရဆုံးလူတစ်ယောက် ဖြစ်ခဲ့သည်။ သူတို့ကလည်း မင်းရဲ့အခြေအနေက ဆုတ်ယုတ်နေပြီ၊ အနားယူလိုက်တော့ ဆိုသော စကားလုံးများ၊ မင်းကတော့ ကျဆုံးနေပြီ၊ မင်းကအသင်းရဲ့ ကင်ဆာပဲ ဆိုသော စကားလုံးပေါင်း များစွာဖြင့် ဆိုးရွားစွာ ပြောဆိုခဲ့ကြသည်။

အထူးသဖြင့် အနက်ရောင်ပရိသတ်များက ပြောသော စကားလုံးများက ပို၍ ဆိုးလေသည်။ အလွန်ကြမ်းတမ်း ခက်ထန်လွန်း၏။ အစပိုင်းတွင် ယဲ့ရှောင်းယန်ကလည်း ထိုစာများကို မြင်သောအခါ အနည်းငယ် နာကျင်ခဲ့သည်။ သို့သော် ပို၍ဆိုးရွားစွာ ထပ်ခါတလဲလဲ အပြောဆိုခံရပြီးနောက် သူက လျစ်လျူရှုရန် သင်ယူနိုင်ခဲ့လေသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now