Part 123

788 122 6
                                    


အပိုင်း (၁၂၃)

ယာယီအမှတ်အသား၏ အဓိပ္ပာယ်ကို နားလည်သွားပြီးနောက် ယဲ့ရှောင်းယန်ကလည်း ညတွင်းချင်းပင် ထျန်းဝန်ထံမှ ပြေးသွားချင်စိတ်ပေါက်လာသည်။ သူ၏ အမြင်များက လဲပြိုကျသွားချိန်တွင် သူ၏ ဖုန်းက ရုတ်တရက် လင်းလာ၏။ ထိုသို့ဖြင့် ထျန်းဝန်၏ ဂရုချက်ထဲမှ စာရောက်လာ၏။

{နည်းပြလင်း}@အားလုံး လူတိုင်းက ဒီကာလ အတောအတွင်း ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြရတယ်။ ဂရုအက်စ်ရဲ့ နောက်စင်မြင့်အတွက် အချိန်ဇယားကလည်း မထွက်လာသေးဘူးဆိုတော့ တစ်သင်းလုံးက သုံးရက်နားရက် ရမယ်။ ဒီအချိန် အတောအတွင်း ကောင်းကောင်းနားထားကြ။

{နည်းပြလင်း}.. လူတိုင်းကို စာအိတ်နီ ပို့လိုက်တယ်။

နည်းပြလင်းက စာအိတ်နီကြီးပေါင်းများစွာ ဆက်တိုက် ပို့လိုက်သဖြင့် လူတိုင်းကလည်း အလုအယက် လုလိုက်ကြသည်။

{အဖိုးကြီးချင်}.. ကောင်းလိုက်တာ။

{ကျန်းရွှေ}.. သုံးရက် ဟုတ်လား။ ငါလည်း အိမ်ပြန်ပြီး အဝတ်တွေ ယူလိုက်ဦးမယ်။

{ရှောင်းရှင်း} ငါတော့ ပြန်မနေတော့ဘူး။ ငါ့ မိဘတွေကလည်း အိမ်မှာ ရှိမှာ မဟုတ်ဘူးလေ။ ဒီမှာပဲ နေပြီး ဂိမ်းကစားတော့မယ် မွားဟားဟားဟား။

ရင်းနှီးကျွမ်းဝင်သော နာမည်များကို ကြည့်ပြီး ယဲ့ရှောင်းယန်က ပို၍ပင် စိတ်ရှုပ်ထွေးသွား မိသေးသည်။

ကိစ္စများက ထွက်ပြေးရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုးထိ ပြောင်းလဲသွားခဲ့သည်။

သူကသာ ရုတ်တရက် ထျန်းဝန်မှ ထွက်သွားလိုက်လျှင် သမိုင်းတွင် အဆိုးယုတ်ဆုံး အပြစ်သား ဖြစ်သွားပေလိမ့်မည်။ သူက သူ့ကို ယုံကြည်သော အသင်းဖော်များကို ဆွဲချထားခဲ့ပြီး သူ့ကို ထောက်ပံ့သော သူများကို စိတ်ပျက်စေမည့် ပေလိမ့်မည်။ သူကိုယ်တိုင်ကလည်း သူ့ကို ထျန်းဝန်အတွက် အများကြီး မျှော်လင့်ထားသော ပရိတ်သတ်ပေါင်း များစွာကို စိတ်ပျက်စေမည့် ပေလိမ့်မည်။ ထျန်းဝန်က သူ၏ အသင်းတစ်ခုထဲ မဟုတ်တော့ချေ။ ထျန်းဝန်က မရေမတွက်နိုင်သော လူပေါင်းများစွာ မျှော်လင့်ချက်ကို သယ်ဆောင်ထားသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now