Part 136

828 107 7
                                    


အပိုင်း (136)

Bp၏ ပထမတစ်လှည့်က ခပ်မြန်မြန် အဆုံးသတ်သွားသည်။ အဆုံးသတ်တွင် ထျန်းဟွမ်၏ toplanerက ပါလာဒင်ကိုရွေးချယ်လိုက်သည်။ ထို heroက ပြင်းထန်သည့် ခုခံနိုင်စွမ်းအားရှိပြီး ဖိအားကိုလည်း ခံနိုင်လေသည်။ အထောက်အပံ့ကမူ အချိန်နှင့် အာကာသ ခရီးသွားသူ ဖြစ်သည်။ အချိန်နှင့် အာကာသ ခရီးသွားသူက ပြီးလျှင် ကျန်သော jungler,midlanerနှင့် maskmanတို့ အားလုံးဟာ ဂန္နဝင်နေချာချထား စစ်ဆင်ရေး cpmboဖြစ်နေသည်။ သူတို့အားလုံးအတွက် ကျော့ကွင်းထောင်သူ၊ မီးတောက်နတ်ဘုရားမနှင့် အမြှာက်စစ်သားတို့ ရှိနေလေပြီ။

တိုက်ခိုက်သူများ၏ ဘုရင်က jungler အဖြစ် အဖွဲ့လိုက်ထိန်းချုပ်သည့် skill ရှိပြီး ပေါက်ကွဲနိုင်သည့် စွမ်းအားကိုလည်း ကိုင်ဆောင်ထားနိုင်သည်။ midlaner ကံကြမ္မာနတ်ဘုရားမကလည်း ပေါက်ကွဲမှုစွမ်းအား တစ်စုံနှင့်အတူ ချက်ချင်း killယူနိုင်သည်။ ကျန်သော နေရာသုံးခုအတွက်ကမူ bottom lanerက ဂန္နဝင် တောအုပ်သံတမန် ဖြစ်ပြီး တော်ဝင်လေးသည်တော်နှင့် ပူးပေါင်းထားမည် ဖြစ်သည်။ toplanerကမူ စစ်သည်တော် heroဖြစ်သည့် သွေးစုပ်မြို့စားဆိုသည့် လူအုပ်ကို ခွဲထုတ်နိုင်သည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသော heroဖြစ်သည်။

ထင်မြင်သုံးသပ်ချက်ပေးသူတစ်​ယောက်က ခွဲခြမ်းစိတ်ဖြာပြသည်။

"ပုံမှန်အားဖြင့် ဟော်ဝမ်က တောအုပ်သံတမန်ကို အထောက်အပံ့အနေနဲ့သုံးပြီး နေရာချထား စစ်ဆင်ရေး comboမှာ သုံးရတာမျိုးကို သဘောကျကြတယ်၊ သူတို့က အတူရပ်နေပြီး ကုပေးနိုင်တယ်၊ ဒါ့အပြင် နေရာတိုင်းကို ထောင်ချောက်တွေ မီးကွင်းတွေကိုလည်း ပစ်ထားနိုင်သေးတယ်၊ ဒါကြောင့် ရန်သူက ဒါကို ဖောက်ဝင်လာနိုင်မှာ မဟုတ်ဘူး၊ healerက heal လုပ်ပေးနိုင်တယ်၊ အသင်းလိုက်တိုက်ပွဲတွေမှာ တိုက်ခိုက်လေလေ hell များများ ရလေလေပဲ၊ ဒါက နေရာချထားစစ်ဆင်ရေးရဲ့ အဓိက အင်အားပဲ၊ ဒါပေမဲ့ ထျန်းဟွမ်က အချိန်နဲ့အာကာသ ခရီးသွားသူကို အထောက်အပံ့အနေနဲ့ ရွေးထားတယ်၊ ဒီအထောက်အပံ့ကhealနိုင်တဲ့ စွမ်းရည်ရှိတယ်၊ ဒါပေမဲ့ အချိန်နဲ့ အာကသ ခရီးသွားသူရဲ့ healing skillက လွန်ခဲ့တဲ့ ၂စက္ကန့်မှာ ရှိနေတဲ့ hellကို ပြန်ရအောင် လုပ်ပေးနိုင်တာ၊ ဆိုတော့ သော့ချက် skillတစ်ခုကို ရှောင်လိုက်နိုင်တယ်လို့ ပြောလို့ရတယ်"

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now