Part 125

840 116 9
                                    


အပိုင်း (125)

ယဲ့ရှောင်းယန်က ခေါင်းကြည်နေသော အခြေအနေမျိုးတွင်သာဆိုလျှင် ချီရှို့ကိုဖက်ပြီး ဘယ်သောအခါမှ အိပ်စက်လိမ့်မည် မဟုတ်ချေ။ သူက မနေ့ညက အပူကြီးနေခဲ့သည်။ ထိုနည်းအားဖြင့် သူ၏ စိတ်ကို ဝေဝါးသွားစေကာ ဘာလုပ်မိမှန်း မသိစေတော့ချေ။

သိပ္ပံနည်းကျ အမှတ်အသားပြုခြင်းထဲတွင် ဖော်ပြထားသည့် အမှတ်အသားပြုပြီးသော အယ်ဖားများက အိုမီဂါများအပေါ် ပိုင်စိုးလိုသော ခံစားချက်က ပြင်းထန်လာတတ်သလို အိုမီဂါများကလည်း အယ်ဖာများအပေါ် မှီခိုလိုစိတ် ပြင်းထန်လာကြောင်း မှတ်မိသေးသည်။ အရာအားလုံးက pheromoneကြောင့် ဖြစ်သည့် သာမန် တုန့်ပြန်မှုများဖြစ်နေသည်။

ABOလောကတွင် pheromone များက အင်အားကြီးသော ကဏ္ဍမှ ပါဝင်သည်။ heatsနှင့် ruts ကာလများအတောအတွင်း အထူးတလည်အခြေအနေများတွင် သူတို့၏ စိတ်ကို လွတ်အောင် လုပ်နိုင်သည်။

ယဲ့ရှောင်းယန်ကို မနေ့က ချီရှို့က အမှတ်အသား ပြုခဲ့သည်။ ထို့နောက်သူက ရေအေးနှင့် ရေချိုးမိသွားပြီး အဖျားတက်သွား၏။ ထိုသို့သော အသိစိတ်မရှိသည့် အခြေအနေမျိုးတွင် မှီခိုသည်ဆိုသော အခြေအနေမျိုးကို pheromoneက ဖြစ်စေနိုင်စွမ်းအား ရှိသည်။ ထိုနည်းအားဖြင့် သူက ချီရှို့၏ လက်မောင်းထဲတွင် အိပ်ပျော်သွားခြင်း ဖြစ်လောက်လေသည်။

အရာအားလုံးက pheromoneကြောင့် ဖြစ်သည်။ သူက သံသယဝင်ရန် မလိုလောက်အောင် ချီရှို့နှင့်အတူ အိပ်မိသွားသည်။ အခြားသော အကြောင်းပြချက်က မည်သို့ပင် ဖြစ်နေစေကာမူ အဓိက ကိစ္စကမူ အိပ်မိသွားခြင်းဖြစ်သည်။ တစ်ယောက်ယောက်ကသာ ထိုအကြောင်းကို သိသွားခဲ့လျှင် သူက ရှင်းပြနိုင်တော့မည်မဟုတ်ချေ။

သူတို့၂​ယောက်က ဘာမှမလုပ်ပါဘူးဆိုပြီး ဒီတိုင်း အယ်ဖာနဲ့ အိုမီဂါနှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် ဖက်ပြီး အိပ်သွားတယ်ဆိုတဲ့ အကြောင်းအရာကို ဘယ်သူက ယုံမှာလဲ။

ယဲ့ရှောင်းယန်က ဂရုတစိုက်ဖြင့် အသာကျုံ့ကာ နောက်ဆုတ်လိုက်ပြီး ချီရှို့မနိုးခင် အိပ်ရာထဲမှ ခိုးထွက်ရန် ကြံစည်သည်။ သို့သော် သူက လှုပ်ရှားလိုက်သည်နှင့် အပေါ်မှ နူးညံ့သောအသံက ထွက်လာသည်။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now