အပိုင်း (108)
နိုင်ငံတကာ ဆာဗာတွင် ဧကရာဇ်အဆင့် ကြယ်ပွင့်၂၀နှင့်အထက်က အမျိုးမျိုးသော တိုင်းပြည်များမှ professional ကစားသမားများ၏ art accများ ဖြစ်နေတတ်သည်။ ထို့ကြောင့် ပြီးပြည့်စုံစွာပင် professionalအသင်းတစ်ခုနှင့် ပက်ပင်းတိုးသည်မှာ ပုံမှန်ဖြစ်နေပြန်သည်။ သို့သော် ဒီဂိမ်းအတွက် မည်သည့်ဆရာသခင်များက မည်သို့သော heroများကို ရွေးချယ်မည်ဖြစ်ကြောင်း ကြိုမသိနိုင်သော အခြေအနေမျိုးကမူ ရှိတတ်သည်။
သိပ်မကြာခင် pick and banကဏ္ဍက စတင်သည်။
ယဲ့ရှောင်းယန်က voice ချန်နယ်ကို ဖွင့်ကာ ပထမဦးဆုံး first pickအတွက် ပြောလိုက်သည်။
"heroရွေးချင်တဲ့သူများ မရှိဘူးလား"
တတိယမြောက် ရွေးရမည့်နေရာမှ ကျောင်းရှင်းအန်းက သူ့ကို အကူအညီတောင်းလိုက်သည်....ကျေးဇူးပြုပြီး ငါ့ကို သွေးစုပ်မြို့စားလေး ရွေးပေးပါ၊ ဂိမ်း play-15 အနိုင်ရနိုင်ချေနှုန်းက ၁၀၀%ပဲ
ရှောင်းကျောင်း၏ fighterက အလွန်အားကြီးနေသေးသည်။ သွေးစုပ်မြို့စားက tankလုပ်နိုင်သလို တိုက်ခိုက်၍လည်းရပြီး adcများကို သတ်နိုင်သည့် ဂန္နဝင်heroဖြစ်သည်။ သူက သူ၏ ultကို သုံးလိုက်လျှင် stealလုပ်နိုင်သည့် အသက်စွမ်းအင်ပေါင်းများစွာကို ပိုင်ဆိုင်ထားတတ်ပြီး သူ၏ ကိုင်တွယ်သည့် skillကလည်း လုံလောက်အောင် ကောင်းမွန်လေသည်။ ထို့ကြောင့် သူက 1v2နှင့် 1v3များကိုပင် လုပ်နိုင်၏။
ယဲ့ရှောင်းယန်ကလည်း သူ့ကို ကူညီပြီး ထိုtoplane heroကို ရွေးပေးလိုက်သည်။
တစ်ဖက်အသင်းက ပထမနှင့် ဒုတိယ တစ်ခုဆိုပြီး heroနှစ်ခုကို ရွေးချယ်နိုင်စွမ်းရှိလေရာ သူတို့က စက်ဆရာနှင့် စက်ဂွန်းဟန့်စ်မန်းကို bottom laneမျှော်စင်ဖြိုအတွဲအဖြစ် ရွေးလိုက်သည်။
သူတို့ဘက်က ရွေးရမည့်အလှည့်သို့ ရောက်လာသောအခါ စင်းကလည်း မြောက်ပင်လယ်မှ မဟာစုန်းကို ရွေးသည်။ ယဲ့ရှောင်းယန်က ဆက်မေးလေသည်။
"ရှောင်ယွီ မင်း ဘယ်maskmanကို ရွေးဖို့ စီစဥ်ထားလဲ"
ရှဲ့ဝေ့ယွီက တစ်ခဏခန့် တွေးတောပြီးနောက် ပြောသည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...