အပိုင်း (118)
ပထမဂိမ်းပွဲပြီးနောက် ဆယ်မိနစ် နားချိန်ရသည်။ နှစ်သင်းလုံးမှ နည်းပြများကလည်း အသံလုံအခန်းအသီးသီးသို့ သွားလိုက်ကြသည်။
ထျန်းဟွမ်၏ ဘက်တွင် နည်းပြလင်းက အပြုံးနှင့်ဖြစ်နေသည်။ သိသိသာသာပင် သူတို့၏ အစောပိုင်းမှ လုပ်ဆောင်မှုအတွက် အလွန်ကျေနပ်နေသည်။
အခြားတစ်ဖက်တွင် ယောင်ကွမ်းမှ လူများကမူ အမူအယာများ တောင့်တင်းနေကြသည်။ အထူးသဖြင့် ယွီမောင်းဖြစ်သည်။ သူကလည်း ဆိုးရွားသော တစ်စုံတစ်ရာကို စားမိသလို ထွေးမထုတ်နိုင်သော အနေအထားမျိုး ဖြစ်နေသည့် မျက်နှာထားမျိုး ဖြစ်နေသည်။ သူက အလွန်အမင်း ပြင်းထန်စွာ အရှက်ခွဲခံခဲ့ရသလို ခံစားလိုက်ရသည်။
စင်နောက်ဘက် ပွဲကြည့်နေရာမှ ရှဲ့ဝေ့ယွီက တိုက်ရိုက်ထုတ်လွှင့်မှု streamကို ကြည့်နေရင်းမှတ်ချက်ချသည်။
"ယန်ယန့်ကြောင့် ယွီမောင်းရဲ့ စိတ်အခြေအနေကတော့ ဖျက်ဆီးခံလိုက်ရပြီမဟုတ်လား"
ရွီီကျိုးက ရယ်သည်။
"ချီရှို့နဲ့ ယဲ့ရှောင်းယန်တို့က ယွီမောင်းကို ၆ကြိမ်ဆက်တိုက် သတ်ရုံတင် မကဘူး၊ အသံ effectတောင်ဖွင့်ပြီး သူ့ကို လှောင်ခဲ့ကြတာ.....ဘာတဲ့ မင်းကိုယ်မင်း လွတ်နိုင်မယ်လို့ ထင်နေလား၊ ဒါက ကံကြမ္မာပဲ၊ တွန်းလှန်ဖို့ မကြိုးစားနဲ့ တဲ့လေ"
ရှဲ့ဝေ့ယွီ...
"......"
Professional ကစားသမားများက ယှဥ်ပြိုင်နေသောအခါ ingameမှ အသံeffectများကို ဖွင့်ထားနိုင်သည်။ ယွီမောင်းကလည်း ဒါက ကံကြမ္မာပဲဆိုသော စကားကို ၆ကြိမ်ဆက်တိုက် နားထောင်နေခဲ့ရပေလိမ့်မည်။ သူက ကံကြမ္မာနတ်ဘုရားမက ကံကြမ္မာနတ်ဘုရားမနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာမျိုးပင် ရသွားလောက်သေးသည်။
ရှဲ့ဝေ့ယွီက အသံလုံခန်းထဲသို့ ဝင်သွားသော နည်းပြကို ကြည့်လိုက်သည်။ အသင်းမှ ထွက်ပြီးနောက် ယောင်ကွမ်းက သူတို့၏ နည်းပြကို ပြောင်းလိုက်သည်။ သူတို့၏ ပုံစံက ယခင် seasonနှင့် ခြားနားသွားသည်။ ယောင်ကွမ်၏ season 9မှ ကစားသောပုံစံက ခိုင်မာသည်။ အသင်း၏ပူးပေါင်းမှုကိုသာ အဓိက ထား၏။ သူတို့က အသေးစိတ်အချက်အလက်များကို အဓိကထားခြင်းအားဖြင့် ယှဥ်ပြိုင်မှုများကို အနိုင်ရခဲ့ခြင်းလည်း ဖြစ်လေသည်။
YOU ARE READING
ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေး
Romanceဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်းတွေနဲ့ ရုန်းရကန်ရ.. မသိနားမလည်ခြင်းတွေကြောင့် အံ့ဩရ မှင်တက်ရ ရယ်မောရတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ Esp...