Part 145

451 66 0
                                    


အပိုင်း (145)

ယဲ့ရှောင်းယန်၊ ရှဲ့ဝေ့ယွီနှင့် ချန်းချန့်ဟွားတို့က တစ်နာရီထိုးသည်အထိ ကစားနေလိုက်ကြသည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပြည်သူများကို နှုတ်ဆက်လိုက်ပြီး အခန်းကို ပိတ်လိုက်သည်။ သူက နောက်လှည့်ကာ အိပ်ရာပေါ်တွင် လှဲလိုက်သည့်အချိန်တွင်ပင် ဖုန်းတွင် စာတစ်စောင်ရောက်လာ၏။ ချီရှို့ထံမှ ဖြစ်သည်။

"မင်း အိပ်တော့မှာလား"

ယဲ့ရှောင်းယန်က ပဟေဋိဖြစ်သွားသည်။

"မင်းက ဘယ်လို သိတာလဲ"

ချီရှို့...

"ငါက မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့တာလေ၊ နယ်စပ်က ဖောက်ထွက်တဲ့ modeက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်"

ယဲ့ရှောင်းယန်ကလည်း ရယ်လိုက်သည်။

"ငါလည်း အဲဒီလိုပဲ ထင်တယ်၊ လူအယောက်တစ်ရာနဲ့ တိုက်ပွဲရင်ဆိုင်ရတာက ငါးယောက်ချင်း မျှော်စင်ဖြိုရတာထက် ပိုကောင်းတာပေါ့၊ ဒါပေမဲ့ ပစ္စည်းတွေက ကြုံရာကျတာဆိုတော့ ရတနာသိုက်ကို နေရာလိုက်ရှာဖို့တော့ လိုအပ်သေးတယ်၊ ကံကောင်းမှုက အရေးအကြီးဆုံးပါပဲ"

သိသာစွာပင် ရှောင်းယန်က ဒီည အလွန်ပျော်ရွှင်နေခဲ့လေသည်။

ချီရှို့ကလည်း သူ့ကြောင့် ပျော်ရွှင်သွားသည်။ ​မည်သို့ပင်ဆိုစေ အသိုင်းအဝိုင်းထဲမှ မိတ်ဆွေများက သူ့ကို စိတ်ရင်းဖြင့် ဆက်ဆံပေးကြသည်။

အယ်ဖာက သူတို့၏ အိုမီဂါအတွက် ပြင်းထန်သည့် ချုပ်ထိန်းလိုစိတ် ဆန္ဒရှိသည်။ သို့သော် ချီရှို့ကမူ ယဲ့ရှောင်းယန်က မိတ်ဆွေဖွဲ့သည့် ကိစ္စများကို ဝင်မစွက်ဖက်ချင်ပေ။ ရှောင်းယန်၏ အကျင့်စရိုက်ကလည်း နေအသေးစားလေးကဲ့သို့ ဖြစ်နေပြီး အနားရှိလူတိုင်းက သူ့အပေါ် ထင်မြင်ချက်ကောင်း ရှိရန် လွယ်ကူလေသည်။

သူက ရှောင်းယန်ကို ချုပ်ကိုင်နိုင်ရန် အလို့ငှာ ထိုနေ၏ အလင်းကို ပိတ်ဆို့၍ မဖြစ်နိုင်ချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now