Part 128

882 117 3
                                    


အပိုင်း (128)

ထျန်းဟွမ်က နောက်ဆုံးတွင် သူတို့၏ heroများကို ရွေးချယ်၍ ပြီးသွားသည်။ ကျင်းကျယ်က သူတို့၏ နောက်ဆုံး midlanerကို ရွေးရန်အလှည့် ဖြစ်လာသည်။

ထင်မြင်သုံးသပ်ချက် ပေးသူနှစ်ယောက်က ဆက်ပြောသည်။

"ဝံပုလွေဖြူဘုရင်က ဆင့်ခေါ်သူ မှော်ဆရာအမျိုးအစားဘဲ၊ အေးခဲနတ်ဘုရားမနဲ့ မီးတောက် နတ်ဘုရားမက AoE ultကို သုံးနိုင်တဲ့ heroတွေ ဖြစ်တယ်၊ ဝံပုလွေဖြူဘုရင်ရဲ့ တည်ရှိမှုအတွက် အဆိပ်ပဲ၊ သူတို့ရဲ့ ultကို ထုတ်လွတ်လိုက်တာနဲ့ ဝံပုလွေဖြူဘုရင်ရဲ့ ဆင့်ခေါ်မှုတွေအားလုံးက ပေါ်လာတော့မှာ မဟုတ်ဘူး"

"ဟုတ်တယ် ထျန်းဟွမ်က ကျင်းကျယ်ရဲ့ line upကို ပစ်မှတ်ထားထားတာပဲ"

Pick and ban ကဏ္ဍအတောတွင်းတွင် ရွေးချယ်မှုပေါင်းများစွာကို လုပ်နိုင်လေသည်။ သူတို့က တစ်ဖက်အသင်းမှ ကျွမ်းကျင်သော heroများကို banနိုင်သလို တစ်ဖက်အသင်းက သူတို့၏ team comboကို မနှောင့်ယှက်နိုင်အောင် ကြိုတင်banထား၍လည်း ရသည်။ ထို့ကြောင့် ကိုယ်ပိုင်heroများကို ကာကွယ်ခြင်းအားဖြင့် သူတို့ကို ပြန်လည် ရင်ဆိုင်လာနိုင်သည့် heroများကို banပြီးသားလုပ်နိုင်သည်။

ထို pick and ban အလှည့်အပြောင်းက လူတိုင်းကို ပဟေဋိ ဖြစ်သွားစေသည်။ သို့သော် ထင်မြင်သုံးသပ်ချက် ပေးသူများ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးကြမှသာ ဉာဏ်အလင်း ပွင့်သွားကြသည်။

လတ်စသတ်တော့ ယဲ့ရှောင်းယန်က ဝံပုလွေဖြူဘုရင်ကို ရွေးဖို့ အစောပိုင်းကတည်းက ကြံစည်ထားခဲ့တာပဲ။ ဒါကြောင့် သူက ဝံပုလွေဖြူဘူရင်ကို ရင်ဆိုင်နိုင်တဲ့ heroကို banလိုက်တာ။

ကျင်းကျယ်ကလည်း နောက်ဆုံးမှ ရွေးချယ်ရမည့်အတွက် အားသာချက်ရရှိသွားသည်။ ယဲ့ရှောင်းယန်ကသာ ဝံပုလွေဖြူဘုရင်ကို ရင်ဆိုင်နိုင်မည့် heroကို မ ban ထားခဲ့လျှင် ဖန်းကျန်းချင်က အေးခဲ နတ်ဘုရားမကို သေချာပေါက် ရွေးချယ်ပေလိမ့်မည်။ သူက အသင်းလိုက်တိုက်ပွဲအတောတွင်း နှင်းမုန်တိုင်းကို ထုတ်လိုက်သည်နှင့် ဝံပုလွေပေါက်လေးများက လုပ်ဆောင်နိုင်သည့် damageများကို မေ့ထားသင့်လေသည်။ ယဲ့ရှောင်းယန်က တိုက်ခိုက်မှု ဝန်းကျင်အတောတွင်း ရှိသွားခဲ့ပါက ချက်ချင်းလိုလို အသတ်ခံရနိုင်သေးပြီး သူ၏ heroကလည်း သက်ရောက်မှု ရှိတော့မည် မဟုတ်ချေ။

ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမားလေးWhere stories live. Discover now