4

2.4K 143 1
                                    

Uni



အိမ်ထဲရောက်လာတာတောင်မှ တွန့်ချိုးထားတဲ့ မျက်ခုံးတွေကိုမလျှော့နိုင်သေးပုံထောက်ရင်တော့ မြေးတော်မောင် အတော် ပင်ပန်းလာခဲ့သည်ထင်ရဲ့....ဖြူဝင်းလွန်းတဲ့အသား အရေလေးက အနည်းငယ် အရောင်ပြောင်းသွားသလို....
သေချာတာကတော့ ရိပေါ် တစ်ယောက် ဒီအဖိုးကို ကျေနပ်နေမည်တော့မဟုတ်....

" ပြန်လာကြပြီလား ကွ "

" အင်း ပြန်လာပြီ..ဖိုးဝမ်ပေးတဲ့ ဒုက္ခ တွင်းထဲကနေ "

" ခြံက ရခဲ့ရဲ့လား "

" ဖန်ရှင်းဆီမှာ စာချုပ်က "

" အင်း..... နားဦးလေ ပင်ပန်းလာတယ်မလား "

" မေးဖို့ မေ့နေတယ် ထင်တာ "

" မေ့စရာလား ကွ. ငါ့မြေးအကြောင်း ငါသိလို့ပေါ့ "

" တော်ပြီ ဖိုးဝမ်နဲ့ မပြောတော့ဘူး.... "

" နေဦး..."

" နားတော့ ဆို "

ဆူပုတ်ပုတ် လုပ်ထားတဲ့မျက်နှာနဲ့ သူ့မြေးငယ်က ချစ်ဖို့ သိပ်ကောင်းတာ.... ဒါကလဲ အဖိုး ဖြစ်သူရှေ့မှာသာ...သူစိမ်းရှေ့မှာ သူ့ဝန်ထမ်းတွေရှေ့မှာ ဆိုရင် ဘယ်လောက်ထိတောင် လူကြီးဆန်လိုက်လဲ.. ဘယ်လောက်တောင် တည်ငြိမ်လိုက်သလဲ....

" ပြောစရာ ရှိလို့ပါမြေးရယ် "

" ဟုတ်.."

" မြေး ဒယ်ဒီကို ပြန်လာဖို့ပြောထားတယ် "

" ဘာလို့လဲ ဖိုးဝမ် "

" ကိစ္စ ရှိလို့ပေါ့ကွာ "

မိသားစု စာရင်းမှာတောင်ပျောက်လုနေတဲ့ ဒယ်ဒီကို ပြန်ခေါ်မယ် ဆိုတော့ ဘာတွေအရေးကြီးနေလို့လဲ....အမွေဖြတ်ထားပြီးသားကိုလေ...အဖိုး ရဲ့အတွေးကို သူလိုက်လို့ မ မီ......ဘာတွေ တွေးနေပြန်တာလဲ....

" ငါ့မြေးက အရွယ်ရောက်လာပြီ "

"....."

" တစ်ယောက်ထဲ နေလို့မရတော့ဘူး... အိမ်ထောင်ပြုဖို့သင့်ပြီ...ဆက်ခံသူ တစ်ယောက်အနေနဲ့..... ကြင်ယာတော်ကတော့ ရှိသင့်တယ်မလား "

" လိုအပ်လို့လား အဖိုး...ပြီးတော့ ဒယ်ဒီနဲ့ ဘယ်လိုသက်ဆိုင်သွားတာလဲ "

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now