1

9.3K 204 2
                                    




Uni







တောင်ပေါ်ဒေသ ဖြစ်သော်လည်း...အပူရှိန်က အနည်းငယ် တော့ရှိသည်သာ....ရာသီဥတုသင့်တင်သည်ဟု မဆိုသာသော်လည်း..နေ၍ထိုင်၍ တော့ကောင်းသည်....မိုးကောင်းသောဒေသမို့...ဥယာဥ်ခြံမြေစိုက်ပျိုးဖို့ ဝါသနာပါသူတွေ အဖို့တော့ တကယ့်နေရာကောင်းပင်.....

ထိုဝါသနာ ရှင်များထဲတွင် ရှောင်း လည်းပါဝင်သည်...တောင်ပေါ်သားမို့ အသားညိုတာမဟုတ်ပေမဲ့..ဝါဝင်းသည့်ဖက်ကိုသွားသည်....အေးတဲ့ ရာသီက ရှောင်းအနှစ်သက်ဆုံးရာသီ...
ပန်းပင်တွေ သစ်သီးပင်တွေကြားမှာ အလုပ် လုပ်ရတာ ရှောင်း သဘောကျပါသည်...
ထိုအကြောင်းကြောင့်ပင်..မိဘများ ရှန်ဟိုင်းသို့ပြောင်းရွှေ့နေထိုင်ကြပေမဲ့ ရှောင်းမလိုက်နိုင်ခဲ့...
အဖိုး အဖွား တွေနဲ့ ကျန်ရစ်ခဲ့ရင်း..စိုက်ပျိုးရေး မှာပဲ အချိန်ကုန်သည်.....
ဤသည်မှာ ရှောင်းရဲ့ နေ့စဥ်ဘဝ....

" အားကျန့် ရေ....နားပါဦးကွာ...မင်းကြည့်ရင်းနဲ့ ငါပါမောလာပြီ "

" ဦးလေး မောရင် နားပါလားဗျာ..ကျွန်တော့်ကိုဘာလို့ နားခိုင်းနေတာလဲ "

" မင်း မမောဘူးလား "

" မ မောပါဘူး "

မျက်နှာ ကိုရုပ်ပျက်အောင်မဲ့ပြီး ထွက်သွားတဲ့ဦးလေး နောက်ကျော ကိုကြည့်ရင်း ရှောင်း ရီလိုက်မိသည်...မမောဘူးလား ဆိုတော့ မောတာပေါ့နော်...ဒါပေမဲ့ မမောပါဘူး....
မြတ်နိုးရတဲ့ အလုပ်မို့ ရှောင်း ပင်ပန်းရမှန်း မသိပါ...

ကိုယ်ပိုင်ခြံလေးထဲမှာ ပန်းမျိုးစုံအောင်စိုက်ထားသလို...သစ်သီး ပင်တွေလဲ ရှိသည်....
ဂန္တမာပန်းဖြူ...လီလီနဲ့ နှင်းဆီက ပိုများသည်.....စတော်ဘယ်ရီ.. စပျစ်သီး နဲ့..တထာပတ်ကအများဆုံး...

ယခုလည်း နေ့လယ်စာ စားချိန်လွန်နေပေမဲ့...ထောပတ်ပင် ပိုးမကျစေရန်ဆေးဖြန်း ရင်းမို့...ဆက်လုပ်နေမိတာ...ကောင်းဘွိုင်ဦးထုပ်နဲ့ ချည်သားဘောင်းဘီရှည်ပွပွ တို့က မဝတ်မဖြစ်ပင်...ရှပ်ကွက်ပွကြီးကြီးတွေကိုလည်ပင်းပါ မမြင်ရအောင် ဝတ်ခြင်းနဲ့ နေလောင်ခြင်းမှ ကာကွယ်သည်...
ရာဘာခြေနင်းရှည်..လက်အိပ်တို့ကလည်း...ပါသည်ပဲ...ရှောင်းကိုကြည့်လိုက်ရင်...တကယ့် လယ်သမားကြီးနဲ့ ပင်တူသေးတော့သည်...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now