7

2.6K 144 1
                                    




Uni




ရှေ့မှ စာချုပ်နှစ်ခုကိုကြည့်မိတော့ ရှက်စိတ်ကပိုရသည်...ရှောင်း တကယ်ပဲ နှာလုံးလေးနဲ့ လက်ထပ်ရတော့မှာပဲ ...နှစ်ယောက်ယှဥ်ထိုင်နေရသည်မို့ ရှောင်းရဲ့ ရင်ခုန်သံကို ထိုသူကြားသွားမည်ပင် စိုးရိမ်စရာ...ရှောင်း ကျရှုံးသွားတာ ရှောင်းထက်ခြောက်နှစ် ငယ်တဲ့ကောင်လေးဆီမှာပဲ....

သေချာတွေးကြည့်ရင် ရင်မောစရာတော့ကောင်းတယ်...ကောင်လေးက ငယ်လွန်းသေးတယ်...အချစ်ဆိုတာ ရှိနိုင်သေးတဲ့အရွယ်...မိန်းမလှလေးတစ်ဦးနဲ့ လက်မဆက်ပါပဲ ရှောင်းကို လက်ခံခဲ့တာ ​အံံ့သြစရာတော့ကောင်းသား...အစိမ်းရောင် လွင်လွင်နဲ့ အသားဖြူဖြူက လိုက်ဖက်နေသည့်ကောင်လေးက တကယ်ငယ်သေးတာ...

အားနာစိတ်ကပါ ဝင်လာသည်မို့ ခေါင်းကိုငုံ့ချလိုက်မိသည်...လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်မိတော့ အေးစက်နေတာ သတိထားမိလိုက်သည်..အဟက်....ရှောင်း..မင်းတကယ် ဖြစ်နေတာကဲ..

လူကြီးတွေရဲ့ စကားဝိုင်းကို မကြားနိုင်သည်အထိ ဘေးမှလူကိုငေးနေမိသည့် ရိပေါ်....လူကြီးတွေက နှစ်ယောက်သားကိုယှဥ် ထိုင်ခိုင်းသည်မို့ ဘေးချင်းက ကပ်ရက်လေး...တွေးစရာ များနေဟန်နဲ့ မျက်ခုံး လှလှတွေကို ကျုံ့လိုက်ဖြန့်လိုက်နဲ့ လုပ်နေသေးသည်...
ကိုယ့်ရဲ့ ကြင်ယာလောင်းက ထိုသူလို့သိလိုက်ရတော့ အတိုင်းအဆမရှိ ခုန်လာတဲ့ရင်က... ရထားဆယ်စင်း အပြိုင်ခုတ်မောင်း သလို...

ဘာတဲ့...သူ့ထက်တောင် ခြောက်နှစ်ကြီးသည်တဲ့...နားရှိလို့သာ ကြားရတာ..တကယ်မယုံဘူး..တောထဲ တောင်ထဲမှာနေသူလို့ ဆိုပေမဲ့ စိုဝင်းနေတဲ့အသားအရေက လူပေါ်ကျော့တွေလို...သို့သော် ထိုလူသားသည် ကိုယ်ပိုင်အလုပ်အလုပ် ကိုယ်ပိုင်ဝါသနာနဲ့လူသားသာ.....
မိန်းမယူပြီး စိတ်ရှုပ်ခံရမှာထက် ယောက်ျား ယူတာက တိုင်ပင်လို့ ရတယ်မလား...

နှုတ်ခမ်းရဲရဲအောက်က မှဲ့လေးကိုမြင်တော့ ထိကိုင်ချင်စိတ်ဖြစ်ရသည်...ထိုလူ့ဆီမှာ ရိပေါ်အနှစ်သက်ဆုံးက မျက်ဝန်းတွေ...သိပ်လှသလို ညို့ငင်အား အလွန်ပြင်းသည်...ထိုသို့ မျက်ဝန်းမျိုးသည် ဘယ်သူ့ဆီမှာရှိရှိ...ထိုလူသား ဟုတ် မဟုတ်ရိပေါ်သေချာကို ခွဲနိုင်ပါလိမ့်မည်...ထိုလူမှ မဟုတ်ရင် ရိပေါ် ရင်ခုန်သံတွေက အသက်မဲ့နေခဲ့သည်မို့...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now