21

2.6K 171 8
                                    


Uni




ညစာကိုပြင်နေရင်းက မောင့်အလာကိုမျော်ရသေးသည်...အရေးကြီးလို့ ဆိုပြီးထွက်သွားတာ နေ့ခင်းကတည်းကမို့ ပြန်လာရင် သေချာပေါက် ဗိုက်ဆာတယ် လုပ်တော့မှာ...အလုပ်ချစ်သူကြီးက ဗိုက်ဆာမှ စားရကောင်းမှန်းသိတာ...
ဧည့်သည် ကောင်လေးတွေလဲ အပြင်ထွက်ကြတော့ ကောင်မလေးနှစ်ယောက်သာ ကျန်သည်...

" အစ်ကိုကျန့်... "

" သြော်...ယမ်လီ လာလေ..ဗိုက်ဆာပြီလား..ဘာစားချင်လဲ "

" မစားချင်သေးပါဘူး..ဒီတိုင်း ပျင်းလာလို့ အခန်းထဲမှာ နေရတာ.."

" အပြင်မထွက်ဘူး လား..သူငယ်ချင်း ရော
.."

" မထွက်ချင်လို့ပါ...အီယောင်းက အိပ်နေတယ် "

" အင်း..ထိုင်ဦးနော်..ကိုယ် ညစာပြင်နေရင်းမို့.."

" ကိုယ်တိုင်ပြင်တာလား အစ်ကိုကျန့်.."

" အင်းလေ...ဘာလို့လဲ "

" ဘာရယ်မဟုတ်ပါဘူး... ယောကျ်ားလေး တစ်ယောက်က ချက်ပြုပ်ရတာကို အသားကျနေတဲ့ ပုံမြင်လို့ အံ့ဩ မိတာပါ...ပုံမှန်ဆို ယောကျ်ားလေး တွေက ချက်ပြုပ်ရတာ မကြိုက်ဘူးလေ..."

" ကိုယ် ချက်ပြုပ်ရတာ သဘောကျတယ်ဆိုတာက မောင့်တစ်ယောက်ထဲ အတွက်ပါ...ကိုယ့်စိတ်နဲ့ဆိုရင်တော့ မချက်ဖြစ်ဘူး ဖြစ်သလိုစားတာ..မောင့်အတွက်ကြောင့်သာ ချက်ဖြစ်နေတာ.."

" သြော့..."

ယောကျ်ားလေး ချက်ပြုပ်တာကို ရှုပ်ချချင်နေတဲ့ မျက်နှာပေးနဲ့ ပြောလာတဲ့ မိန်းကလေးက ယဥ်ကျေးမှု့ ဆိုတာ သိပုံမရ...ချက်ပြုပ်ရတာ ရှက်စရာကောင်းနေလို့လား... ရှက်စရာ ဆိုရင်တောင် မောင့်အတွက်မို့ ပျော်တယ်...
ရှောင်းလက်ရာကို စားလိုက်ရတိုင်း ပြုံးကြည်သွားတဲ့ မောင့်မျက်နှာ ချောချောကို ငေးလို့မဝ...ပြီးရင် မောင့်ရှောင်းက အတော်ဆုံးဆိုပြီးချီးကျူးတတ်တဲ့ သူကြောင့် ချက်ပြုပ်တတ်တဲ့ ကိုယ့်ကိုကိုယ်တောင် ဂုဏ်ယူမိသေးတယ်....

ခဏကြာတော့ မိန်းကလေးရဲ့ အသံမကြားတော့တာမို့ ဧည့်ခန်းထဲ ထွက်ကြည့်မိတော့ မောင့်ဓာတ်ပုံ ရှေ့မှာ ငြိမ်ငြိမ်လေးရပ်နေတာ တွေ့ရသည်...
မြေးကိုသိပ်ချစ်တဲ့ ဖိုးဝမ်က မောင့်ရဲ့ ဘွဲယူပုံကို ဧည့်ခန်းမှာ ဝံ့ဝံ့ကြွားကြွား ချိတ်ထားတာ....ဒါတောင်မှ မရယ်မပြုံး ရှုတည်တည်ကြီး...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now