14

2.4K 126 5
                                    


Uni



အချိန်အခါမဟုတ် ရွာချနေတဲ့မိုးက သည်းကြီးမဲကြီး.... လေရော မိုးပါ လာသည်မို့ အေးစိမ့်မှု့က အရိုးကွဲမတတ်ပင်....မိုးစက်တွေကို သဘောကျပေမဲ့ မိုးရာသီ ကိုတော့ မနှစ်သက်ပါ...အတူနေခဲ့စဥ် အချိန်ကသိပ်မကြာသော်လည်း...မောင့်အကြောင်းကို နောကျေနေခဲ့ပြီ...မောင်က မိုးရာသီကို မကြိုက်ပါ....အမှောင်ကိုလည်း မနှစ်သက်...

ပြည့်စုံနေတဲ့ သခင်လေးလို့ ထင်စရာ ရှိပေမဲ့ တကယ်တော့ မောင်က အထီးကျန်နေသူ...မေတ္တာ ငတ်မွတ်နေခဲ့သူ...ဒီအတွက် မောင့်အပေါ် ဂရုဏာ ပိုမိတာ ရှောင်းအမှားတော့ မဟုတ်ပါ...
ညကြီးသန်းခေါင် မိုးက ထရွာတော့ အရင်စိတ်ပူမိတာ မောင့်ကိုပင်....မောင်နဲ့ မဆုံခင်ကတော့...ဖိုးနဲ့ ဖွားအတွက်ပူရသည်...ခုတော့ မောင့်ကို ပူရပြန်ပြီ...မိုး ကြောက်သူက ခု ဘယ်လိုများနေမှာလဲ...ကြောက်နေမှာလား....အတွင်းစိတ်ကို အများမြင်အောင် မပြတတ်တဲ့ မောင်က သေချာပေါက် တစ်ယောက်ထဲ ခံစားနေလိမ့်မည်သာ....

" မင်း မအိပ်သေးဘူးလား "

" အိပ်လို့မပျော်ဘူး.."

" အင်းး.."

" မင်းကရော..မအိပ်ပဲ ဘာလုပ်နေတာလဲ "

" ငါလဲ အိပ်မရလို့လေ...ဘာလဲ မင်းယောကျ်ားကို လွမ်းလို့လား "

" အင်း...သူမရှိရင် အိပ်မရဘူး..အနားမှာ သူရှိနေမှ အိပ်ပျော်တာ "

" အဟက်....အချစ်ဆိုတာကြီးကကွာ..မမိုက်ပါဘူး "

" မင်းက ချစ်ဖူးလို့လား "

" မင်းက ဘယ်လိုထင်လို့လဲ.."

" မင်း ချစ်ဖူးမှာပါ..ချစ်ပုံချစ်နည်း မမှန်ဘူးဖြစ်နေတယ် "

" ဟင်..."

" မင်းတို့ နှစ်ယောက်ရဲ့ အချစ်မှာ အတ္တတွေ ပါနေတယ် ဝမ်ချောင်.."

" ဟင်..."

" မင်း ဘာလို့ ငါ့ကို ဖမ်းထားတာလဲ ဆိုတာကို အတိအကျသိနေတာတော့ မဟုတ်ဘူးပေါ့...ဒါပေမယ့် ယန် နဲ့တော့ ပတ်သက်နေတယ်မလား..."

" ဝမ်သခင်လေးရဲ့ ကြင်ယာလို့မပြောရဘူး..အကုန်သိနေတော့တာပဲ...မှန်တယ် ယန့်ကြောင့်ပဲ..."

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now