32

2.9K 162 10
                                    


Uni


အချိန်အားဖြင့် မနက်လေးနာရီ... မတရားပူနေတဲ့ ဗိုက်ကြောင့် မနာခင်ကတည်းက ဆေးရုံမှာ နေဖို့ ဖြစ်လာသည်...
သတ်မှတ်ရက်ထက် စောပြီးခွဲမွေးသင့်တယ်လို့ အကြံပေးလာတာမို့ ခွဲရန်ဖြစ်လာခဲ့သည်...

သုံးနာရီလောက် ကြာမြင့်မယ်လို့ ဆိုပေမဲ့..လေးနာရီ ထိုးသည့်တိုင် ပြန်ထွက်မလာသည်မို့ စိတ်ကပူလာပြီ...
ခွဲခန်းရှေ့မှာ လည်တစ်ဆန့်ဆန့် ဖြစိနေသည်မှာလဲ ကြာပြီ...

  " မြေး ရှောင်းက အဆင်ပြေမှာပါ.. စိတ်မပူပါနဲ့.. "

  " အချိန်က လွန်နေပြီ ဖိုးဝမ်..ကျွန်တော့်စိတ်တွေ ပူလာပြီ.."

  " ပါရဂူ တွေကိုယ်တိုင် မွေးပေးနေတာပဲ..အဆင်ပြေမှာပါ...​ငြိမ်ငြိမ်ထိုင်စမ်းကွာ..မျက်စိနောက်တယ်.." 

  " ဖိုးဝမ်ကဗျာ...မပူပဲမှ မနေနိုင်တာ..ပြောသွားတာ သုံးနာရီ..ခုလေးနာရီခွဲနေပြီ ဗျ..ပူတာပေါ့.. "

  " သိတယ်လေကွာ..ငါနားလည်ပါတယ်.. "

  " နားလည်ရင်.. မပြောနဲ့ဗျာ.."

  "  မပြောဘူးကွာ... "

စိတ်ကပူလို့ ထိုင်ရမလို ထရမလိုဖြသ်နေရတာ မျောက်မီးခဲ က်ိုင်မိသလို...တစ်ခုခု များဖြစ်ခဲ့ရင် ဆိုတဲ့အတွေးဝင်လာရင် ရူးတောင် ရူးချင်သွားတာ...ဘေးမှာ ထိုင်နေတဲ့ ဖိုးဝမ်နဲ့ကိုလဲ အားမနာနိုင်...တောင်လျှောက် မြောက်လျှောက်နဲ့...ဒယ်ဒီတို့ လင်မယားကပါရှိနေတာ..

  " အခြေအနေ ဘယ်လိုလဲ  သားဝမ်.."

  " မား.."

  " ဟုတ်တယ် သား..ဘယ်လိုလဲ မွေးပြီလား.."

  " မထွက်လာသေးဘူး..စိတ်ကပူနေပြီ.."

  " စိတ်အေးအေးထား ပါကွယ်...အားကဖန့်လေးက ကြံ့ခိုင်ပါတယ်.."

  " တစ်ခုခု ဖြစ်သွားရင်.."

  " မပြောကောင်းတာကွယ်.."

အချိန်မီ ရောက်လာတဲ့ ယောက္ခမ ကြောင့် အားရှိသွားရသလိုတော့ရှိသား...ယောက္ခထီးရော ယောက်ဖပါ လာကြတာဖြစ်သည်...
အားလုံးက တော့ စိတ်ပူခြင်းတွေနဲ့...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now