Uni
တောင်ပေါ်ဒေသ ရဲ့ လေအေးအေးက ခပ်သွဲ့သွဲ့တိုက်ခတ်လျှက်ရှိသည်....ဆောင်းရာသီ ကိုနှုတ်ဆက်နေတဲ့ ချယ်ရီပွင့်ကြွေတွေက မြေမှာ ဖွေးဖွေး လှုပ်နေ၏....တိမ်စိုင်ကင်းတဲ့ ကောင်းကင် ပြာလဲ့လဲ့မှာ ကြည်ကြည်လင်လင် မို့ ကြည်နူးစရာတော့ကောင်းသည်...
ငယ်ရွယ်စဥ်က မနှစ်သက်ခဲ့သည့် တောင်ပေါ်မြို့လေးက ခုတော့ လည်း...အေးချမ်းလျှက်ပင်....ကျေးငှက်သံ တွေကိုကြား၍ အာရုံစိုက်မိသည်နှင့်..အကြားအာရုံမှာ ထင်လာသည်က အသံသြရှရှလေး...ကောင်းကင်ပြာပြာ ကိုကြည့်မိပြန်တော့... ထိုသူရဲ့ အကြည့်စူးစူးတွေကို မြင်ရပြန်သည်....
ဆိုင်သူရှေ့မှာ ပြုံးကြည့်နေတတ်သည့် အကြင်သူသည် သူစိမ်းရှေ့ရောက်သည့်ခါမှာ...အလို လို တည်တင်းသွားပြန်သည်...ဆိုင်သူအား ပြောသည့်အသံမှာ ညင်သာ သလောက်..သူစိမ်းကိုပြောသည့်အခါ..အမိန့်ဆန်သွားတတ်သည်.....
ထိုအသံ...ထိုအကြည့်..ထိုအပြုံး တို့အား..မြတ်နိုးသည်..ပိုင်ဆိုင်လိုသည်...ခဏတာ ဖြစ်ဖြစ် ထိုသူမှ ထွေးဖက်ခြင်းအား ခံယူလိုသည်...သို့သော်...." ယန်...."
" ဖွား.."
" ရပ်နေတာ ကြာပြီ.. ဘာတွေတွေးနေလဲ ကွယ်..ဖွားသိလို့ရမလား.."
" အဟင်း...ဘာလို့ သိချင်ရတာလဲ ဖွားက.."
" ဖွားမြေးက မပြောပြချင်ဘူးလား.."
" ပြောပြချင်ပါတယ်... "
" ဒါဆို ဖွားနားထောင်မယ်.."
ဖိုး နဲ့ယှဥ်လျှင် ဖွားက နွေးထွေးတတ်သူမို့ သက်သောင့်သက်သာ တော့ ရှိသည်လေ...ပင်ပန်းလွန်းသည့် စိတ်ကို အနားပေးရန်..ချုံချင့်ကို ပြန်လာခဲ့သည်သာ...မပိုင်ရပေမဲ့လို့ လွမ်းသည့်စိတ်က အစိုးမရ...
" လိုချင်ပေမဲ့ မရနိုင်တာ ဘာလို့လဲ ဖွား...ကိုယ်က ချစ်ပေမဲ့ သူက ပြန်မချစ်တာ...ဘာ့ကြောင့်လဲ... ပိုင်ဆိုင် ခွင့်ရှိခဲ့ပေမဲ့ ကိုယ်တိုင် ငြင်းပယ်ခဲ့တာမို့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ ဖွား...ကျွန်တော့် ရင်ထဲမှာ တင်းကြပ်နေလို့...ဘယ်လိုလုပ်ရမလဲ "
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..