25

2.4K 153 11
                                    



Uni




" ယန်...အိမ်မှာ ရှိတာ လူကငါးယောက်ထဲလေ ဘယ်လိုလုပ် ခြောက်ပန်းကန်ဖြစ်နေရတာလဲ.."

" ဟင်..."

" အဆင်ပြေရဲ့လား ယန်..."

" ပြေ..ပြေပါတယ်.. "

ခူးထားတဲ့ ထမင်းပန်ကန်လုံးတွေကိုကြည့်မိတော့ ခြောက်ပန်းကန်...ဟုတ်သားပဲ.. အိမ်မှာ လူကငါးယောက်ပဲရှိတော့တာကို..ဘယ်လိုမေ့နိုင်ရတာလဲ...

" ယန်..ဟန်ဆောင်နေဖို့မလိုဘူးနော်..အဆင်မပြေရင် မပြေဘူးပေါ့.."

" ငါ အဆင်ပြေပါတယ်.. ဘာဖြစ်ရမှာလဲ.."

" သေချာလို့လား.."

အသံတိတ်သွားတဲ့ယန်က ဝေခွဲရခက်​ေနသလို...ရှန်လုံ ပြန်သွားကတည်းက စိတ်နဲ့လူမကပ်သလို ဖြစ်နေတဲ့ ယန့်မှာ လုပ်သမျှအလွဲလွဲ...သတိထားမိနေတဲ့ ရှောင်းက မေးတော့လည်း အဆင်ပြေတယ်ဟူ၍သာ..

" ဘာတွေလုပ်နေကြတာလဲ ညီအစ်ကိုတွေ.. မနက်စာက စားရဦးမှာလား..."

" ပြီးပါပြီ မားရယ်...လာ ဖွား ကျွန်တော့ကိုတွဲ.."

" မသိပါဘူး မနက်စာနဲ့ နေ့ခင်းစာတွဲစားရမလားလို့ပါ.."

" မားကဗျာ...ဒီလောက်ကြီးလဲ မဟုတ်ပါဘူး..."

" စားလို့တော့ ကောင်းမှာပဲ ယန့်လက်ရာ ဆိုတော့.."

" ချက်တတ်နေပါပြီ မားရာ.."

ခူးမိထားတဲ့ ပန်းကန်ကို ပြန်သိမ်းရင်းက မကျေမနပ် ပြန်ပြောလာတဲ့ ယန့်မျက်နှာက မှုန်ကုတ်ကုတ်....ဒီမိသားစုအပေါ် တာဝန်ကျေဖို့ ကျိုးစားနေတာ သိသာသည်...
စားပွဲမှာ ဝင်ထိုင်လိုက်သည်နဲ့ စားဖို့အတွက် ပြင်ဆင်ပေးလာသည်...ယန် ပြောင်းလဲလာတာ သိပေမဲ့ ဒီလောက်ထိကြီးတော့ ထင်မထားခဲ့...

ရှန်လုံ မရှိသည့်နောက်ပိုင်းမှာ ငိုင်တွေလာတတ်တာကို သတိထားမိသည်...ဟန်မဆောင်တတ်ပဲနဲ့များ.... အချစ်ကိုကြောက်နေသူမို့ အပြစ်လို့တော့ ပြောလို့မရ...သူ့ ဒဏ်ရာ နဲ့သူမလား...

" ဖိုးလဲ နေလို့ကောင်းပြီမြေး..ပြန်သင့်ပြီ မြေးဝမ် မျှော်နေရောပေါ့.."

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now