Uni
များပြားလှတဲ့ လူအုပ်ကြီးက တစ်နေရာထဲကို စုပြုံကြည့်နေကြပေမဲ့ ယန့်ခြေထောက်တွေကတော့ ရွေ့လို့မရသေး....
မျှော်လင့်ထားတဲ့ အခြေအနေနဲ့ ဖြစ်လာခဲ့တာက ဘာမှမဆိုင်...လင်းယွီ ကရှောင်းကို ရှာမတွေ့ဘူးတဲ့လား...ဘယ်အချိန်က ရှန်ဟိုင်း ပြန်ရောက်နေခဲ့တာလဲ...မြင်နေရတဲ့ မြင်ကွင်း က ယန့်ရင်ကို ပူလောင်စေတာ အရမ်းပဲ.... ငိုချလိုက်ချင်ပေမဲ့ ရင်မှာ တင်းကြပ်လာမှု့ကြောင့် ငိုလို့မရ..အသားတွေ ပါတစ်ဆတ်ဆတ် တုန်လာရသည်...
ကံကြမ္မာက ကျီစားလွန်းတယ်မလား..ပိုင်ဆိုင်ခွင့်ရခဲ့ပါလျှက်နဲ့ ကိုယ်တိုင်ငြင်းဆန်ခဲ့မိတယ်...အနားမှာ နေခွင့်ကို လိုချင်ပြန်တော့ ခွင့်မပြုပြန်ဘူး...မျက်ဝန်းတွ ဝေဝါးလာပေမဲ့ သုတ်မိဖို့မတွေးမိသလို နေရာကပါ ရွေ့မရ...ဒီအတိုင်း ဆိုရင် ဝမ်က သူ့ကိုသိနေခဲ့တာပဲ သူ ရှောင်းမဟုတ်တာ ဝမ်သိနေခဲ့သည်ပဲ..သိနေလို့ပဲ သူစိမ်းထက်မပိုပဲ နေလို့ရတာပေါ့...ဟက် ဘယ်လောက်တောင် ရူးမိုက်လိုက်တဲ့ လုပ်ရပ်လဲ...
တစ်ယောက်ထဲ ကစားပြီး တစ်ယောက်ထဲ ရှုံးနေခဲ့တဲ့ ဒီကစားပွဲမှာ သူကသာ ပြိုင်ဖက် သူကသာ အရှုံးသမား...ဘယ်သူကမီ လှည့်မကြည့်သလို ဘယ်သူကမှ ဂရုမစိုက်တဲ့ နေရာမှာ ရှိနေတဲ့ ယန်ဟာ ခုလဲ ဒီလိုပါပဲ... ယန့်အဖြစ်ကို ဘယ်သူမှ မမြင်သလို...ကြည့်လာခြင်းလဲ မရှိ...ထိုသူတွေ အာရုံက တစ်နေရာထဲမှာသာ..မျက်ရည်စ တွေကြားက မသဲမကွဲမြင်နေရတာက နီရဲရဲ အရိပ်နဲ့ အနက်ရောင်အရိပ်က မျက်နှာချင်းဆိုင် ရပ်နေကြသည်...
" ရှောင်း..."
" မောင်..."
" လာ.. မောင့်လက်ကိုတွဲ..ခင်ဗျား ကိုမောင်စောင့်နေတာ.."
အပြုံးမရှိတည်ကြည်နေတဲ့ မောင့်မျက်ဝန်းတွေကို ရင်ဆိုင်ဖို့ ရှောင်း မဝံ့ရဲပါ...ပြန်လာလို့ ရပါရက်နဲ့ ပြန်မလာခဲ့တာကို မောင်မသိပဲနေမည်တော့မဟုတ်...ဘယ်သူ့ကြောင့် ပြန်မလာခဲ့တာလဲ...ဘာ့အတွက် ကြောင့်ပြန်မလာခဲ့တာလဲ ဆိုတာကိုပါ သေချာပေါက် မောင်သိနေမှာပဲ...စိတ်များဆိုးနေလေမလား...မောင် ရှောင်းကို မချစ်ပဲနေနိုင်သွားပြီလား...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..