Uni
လမ်းမထက်မှာ တစ်ရိပ်ရိပ်ပြေးနေတဲ့ ကားထဲမှာတိတ်ဆိတ်နေသည့်လူနှစ်ဦး...အပြင်ဘက်ကိုငေးလို့ လိုက်ပါလာသူရဲ့ မျက်ဝန်းမှာ မျက်ရည်စ တွေမြင်နေရပေမဲ့ ..ဘာပြောပေးရမှန်းမသိ..နှစ်သိမ့်စရာစကားလုံး ရှာမတွေ့....
အတိတ်ဆိုးတွေ ထဲကလွတ်မြောက်ဖို့မကြိုးစား ချင်တာလား မသိ...အစ်မ ဖြစ်သူကို မခွဲနိုင်တာနဲ့ ပြုမူလိုက်မိတဲ့ အပြုအမူ က..မမကို သူ့အနားက ထာဝရပျောက်ကွယ်စေခဲ့သည်မလား...မိုးရေစက်တွေကို သဘောကျရာက ကြောက်မိလာသည်အထိ အတိတ်က ဆိုးရွားလှသည်...
ငယ်ရွယ်စဥ် ဆယ်ကျော်သက်ကောင်လေးရဲ့ အပျော်လိုက်စားမူ့က မိန်းမငယ်လေး တစ်ယောက်ကို လောကကြီးထဲက ဆွဲထုပ်သွားသည်တဲ့...ထိုညကသာ ထိုပြိုင်ပွဲအား လက်မခံခဲ့ပါလျှင် ကောင်လေးရဲ့ အစ်မမှာ အသက်ရှိနေဦမည် ထင်သည်...
ကောင်ငယ်လေးရဲ့ မျက်ရည်စ တွေကိုမြင်တော့ ရင်မှာ မလုံခြုံ...လိပ်ပြာမသန့်ဘူးလို့ပဲ ဆိုရလေမလား...ဝန်ခံဝံ့တဲ့ သတ္တိ ရှိလာတဲ့အချိန်ကြရင်တော့ တောင်းပန်ပါ့မယ်...
အမှတ်တရတစ်ခုကို မှတ်ညဏ်မှာ စွဲထင်နေစေဖို့ ခက်ခဲနေတဲ့ ကောင်ငယ်လေးအတွက်ကိုပါ တာဝန်ယူချင်ပါသေးရဲ့...ဒီ့အတွက် ကိုယ့်ကို မမုန်းဖို့တော့ မျှော်လင့်ပါတယ်...
" ကိုယ်..ဘယ်ကိုပို့ပေးရမလဲ ကျိုးချန် "
" ဝမ်အိပ်တော်ကို ပို့ပေးပါ.. "
" ဟုတ်ပြီ..ဗိုက်ဆာလား..တစ်ခုခု စားမလား.."
" ကျွန်တော်မဆာဘူး.."
" အင်း....ဆာရင်ပြောနော်.. "
" ဟုတ်ကဲ့.."
ဆရာဝန် ပီသစွာ..မဖြေချင်လောက်တဲ့မေးခွန်းတွေကိုတော့ မမေးခဲ့...ကျိုးချန် ပြောသမျှ အသံတိတ်နားထောင်နေသူက..မေးခွန်းတစ်ခုမှ မထုပ်ခဲ့သလို နားမလည်လို့ ပြန်မေးတာတောင်မှ မရှိခဲ့တာ...
မနက်စာမစားဖြစ်တော့ ဗိုက်က ခပ်ဆာဆာ...ကျွေးချင်သူက ရှိပေမဲ့ စားချင််စိတ်ကမရှိ..အိမ်တော်ပြန်ရောက်ချင်စိတ်သာ ကြီးစိုးနေတာမို့...အိပ်ယာထက်ကိုပြစ်လဲလို့ နားချင်နေပြီ...ပင်ပန်းသမျှ မထတန်းကို အနားယူချင်ပြီ...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..