Uni
" ရှောင်း.....ရှောင်း..."
" ဟ...ငါ့မြေး အိမ်ထဲရောက်အောင်ဝင်ပါဦးဟ..မင်းယောကျ်ားရှိပါတယ်.."
" ဖိုးဝမ်ကဗျာ....ပြောစရာ ရှိလို့ပါ ဘယ်မှာလဲ ရှောင်း..."
" တစ်ရှောင်း ရှောင်းနဲ့...မင်းထက်ခြောက်နှစ်တောင်ကြီးတာ မလား..ရိုသေတတ်စမ်းပါ.."
" ကျွန်တော့်ထက် နုတယ်တော့လုပ်လိုက် "
" ကိုယ့်လင်နဲ့ ကိုကြွားနေတယ် "
" လင်ရှိ လူတန်းစား လေ ဖိုးဝမ်ရာ "
" ဟေ့ကောင်.. "
" အားးး..ရှောင်း ရေကယ်ပါဦး.."
" ဟေ့ကောင် ငါဘာမှ မလုပ်ရသေးဘူးနော်... "
ရိပေါ်ရဲ့ အသံကုန်အော်ပစ်လိုက်သံ အဆုံးမှာ ထမင်းစားခန်းထဲမှ အပြေးထွက်လာတဲ့ ရှောင်းက ကြည်ပြာရောင်လေးနဲ့ အေးချမ်းနေပြန်သည်....
ရိပေါ်က ရှောင်းနောက်ကို ဝင်ပုံးရင် တိုင်ပြန်သည်.." ရှောင်း...ဖိုးဝမ်က ကျွန်တော့်ကို အနိုင်ကျင့်တယ်.."
" ဟင်..."
" ငါ မင်းကို ဘာလုပ်ရသေးလို့လဲ "
" တွေ့လား...အော်နေတယ်.."
မျက်နှာကို အငယ်ဆုံးထားကာ တိုင်တန်းနေသည့် အမျိုးသားငယ်က ကလေးစိတ်မကုန်သေးဟန် ..
" ဖိုးဝမ်က စတာပါ ရိပေါ်ရယ်.."
" ရှောင်းမသိလို့..ဖိုးဝမ်က တကယ်လုပ်တာ..."
" ဟိုကောင် ကပ်ချွန်မနေနဲ့..."
" မချွန်ပါဘူး..."
" ကဲ...တော်ပြီ..ဖိုးဝမ်က ဆေးသောက်ရတော့မှာ..ရိပေါ် ရေချိုးတော့ ညစာ ပြင်ထားမယ် "
" ရှောင်းလဲ လိုက်ခဲ့လေ...တစ်ယောက်ထဲ ကြောက်တယ် "
" ဟမ်.. "
" ဟိုကောင် အပိုမလုပ်နဲ့ တစ်သက်လုံး နေလာတဲ့အိမ်မှာ မင်းကို ဘယ်သူမှ ဘာမှ မလုပ်ရဲဘူး... မြေးရှောင်းက ညစာ ပြင်ရမယ် ငါလဲ ဆေးသောက်ချိန်နီးနေပြီ.."
" ဖိုးဝမ် ကဗျာ "
" ရိပေါ်...ကိုယ်အဝတ်စားပါ ထုပ်ပေးထားတယ် သိလား ရေချိုးလိုက်နော်...ကိုယ်ညစာ ပြင်ထားမယ်.."
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..