Uni
ညဥ့်နက်ခြင်းနဲ့အပြိုင် မှိုင်းညို့ညို့ ရာသီဥတုက စိုစွတ်စွတ်...ရွာတော့မလို ဟန်ပြင်နေပေမဲ့ ရွာချလာခြင်းတော့မရှိ...ကြယ်ရောင် လရောင်ပျောက်အောင် မဲမှောင်နေတဲ့ ကောင်းကင်ကြီးက ခြောက်ခြားဖွယ်...
မိုးကြောက်သူ ကျိုးချန်အဖို့..မိုးရာသီဆိုတာ အကြောက်ဆုံး ရာသီ...မိုးတွေ မှိုင်းညို့လာတိုင်း အခန်းတံခါးကိုပိတ်လို့ တစ်ယောက်ထဲ နေဖြစ်ခဲ့တာကြာပြီ...
ကွန်ဒိုရဲ့ ဆယ်လွှာမှာနေတာမို့ မြို့ကြီးကိုအပေါ်စီးမှ မြင်နေရသည်...ညနက်နက်ရဲ့ မိုးမှောင်မှောင် အောက်မှာ မီးရောင်တွေ တစ်လဲ့လဲ့နဲ့ ရှန်ဟိုင်းမြို့ကြီးမှာ ငြိမ်သက်လျှက်ရှိနေသည်...
သီချင်းသံသဲ့သဲ့က အခန်းမီးမှိန်မှိန်နဲ့အတူ သာယာစွာပင်ရှိ၏...
ကုတင်ခြေရင်းက အခန်းထောင့်လေးမှာ ကပ်ထိုင်လိုက်ရင်း နားနှစ်ဖက်ကို ဖိပိတ်လို့ သံစဥ်လေးအတိုင်း လိုက်ညည်းဆိုမိသည်...မကြာခင်ရွာလာတော့မည့် မိုးကို ရင်မဆိုင်ရဲစွာ ပြုမှုနေကျ အပြုအမူ တစ်ခုသာ...လေပြင်းတစ်ချက်အဝေ့မှာ အလှုံပိတ်အခန်းထဲထိပါလာတဲ့ မိုးနံ့ပြင်းပြင်းကြောင့် ကိုယ်ကို ပိုပြီးကျုံ့လိုက်ရင်း နားကိုပါ အားထည့်ဖိပိတ်မိပြန်သည်...
လိုက်ကာစတွေ တစ်ဖျတ်ဖျတ် လွင့်လာတိုင်း အတိတ်တစ်ချို့က အာရုံမှာ ထင်လို့...ကြောက်စိတ်က အလုံးအရင်းနဲ့ ဝင်လာကြပြီ...တင်းခံကြည့်ပေမဲ့မရ..တောင်းပန်နေတဲ့အကြည့်တွေနဲ့ မမကို ပြန်မြင်မိလေ လေ..ခြောက်ခြားရလေလေ...မမ နားလည်ခဲ့သလောက်.. မမချစ်ပေးခဲ့ သလောက်..ကျိုးချန်ချစ်မပေးနိုင်ခဲ့...
အနိုင်ယူ ဗိုလ်ကျခြင်းတွေသာ ရှိခဲ့တာ...ဒါကိုအပြုံးမပျက်ချစ်ပေးခဲ့တာက မမ...ကျွန်တော် တာဝန်မကျေခဲ့ဘူးမလား မမ...
ရင်ခုန်သံကို အစပြုစေသူက ကိုယ့်ရင်ကိုနာစေပြန်တာမို့ ဥပက္ခာပြုမိတာ...ပြန်စဥ်းစားကြည့်ရင် ဆိုင်တော့မဆိုင်ဘူး...မမ ကိုအားနာမိလွန်း၍သာ...
..ဝေါ...ဂျိန်း...ဂျလိန်း...
" အမေ့...အင့်.."
အားပြင်းတဲ့မိုးက အလင်းစူးစူးတွေ ခြောက်ခြောက်သံတွေနဲ့ ကမ္ဘာမြေပေါ်ကို အလည်လာချေပြီ...ပိတ်ထားမိတဲ့ နားကို ပိုလို့ဖိပိတ်ရင်း ရှိုက်သံက အင့်ခနဲထွက်ရသည်...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..