17

2.6K 151 6
                                    


Uni






လရောင် မိန်မိန်အောက်က ခြံကျယ်ကြီးမှာ သက်ဝင် လုပ်ရှားလျှက်ရှိသည်....ဥက္ကဠကြီးဝမ်ရဲ့ ရှစ်ဆယ့်ငါးနှစ်ပြည့်တဲ့ မွေးနေ့လေးမို့ အလွန်စည်ကားလှသည်...သက်ကြီးပိုင်း ပိုများသည်က ဖိုးဝမ်ကြောင့် ဖြစ်သလို လုပ်ငန်းရှင်တွေ များသည်က ဝမ်သခင်လေးကြောင့်...

မှောင်ရည်မပျိုးခင်ကတည်းက တစ္ဖြဲဖြဲ ရောက်လာကြသည်မှာ ခုဆို ခြံအပြည့်..သခင်လေးရဲ့ ကြင်ယာကို မြင်ဖူးလိုသူတွေပါသလို စီးပွားရေး အရလာကြသူတွေလည်း မနည်းလှ...လက်ဆောင်ပေးရန် မလိုအပ်ကြောင် ပြောထားသော်လည်း ပေးလိုသူတွေက အပုံလိုက်မို့ လက်ဆောင်လက်ခံသူတွေလဲ မနိုက်မနင်း...အားလုံးက တန်ဖိုးကြီးတဲ့ အရာတွေချည်းသာ...

ခြံထဲမှာ ဧည့်သည်တွေ ပြည့်လာပေမဲ့ မွေးနေ့ရှင် ကတော့ ဆင်းမလာသေး...ဝမ်သခင်လေး ကိုဆို အရိပ်ပင်မမြင်ရသေး...

" ဥက္ကဠ ကရှစ်ဆယ်သာ ကျော်လာတာ သန်မာနေတုန်းနော်.."

" ဟုတ်ပါ့.. ကျမ်းမာရေးက ကောင်းလိုက်တာ "

" ဟဲ့..ဟဲ့..ဝမ်သခင်လေး ရဲ့ ကြင်ယာက ယောကျ်ား လေးဆို.."

" ဟုတ်တယ်လေ... "

" အရမ်းချောတာတဲ့ ပြောနေကြတာ "

" ဟုတ်တယ် ချောတယ်...သူတို့လက်ထပ်တုန်းက ရောက်ခဲ့သေးတယ်.. "

" လိုက်ဖက်နေရောပဲတဲ့..."

တီးတိုး စကားသံတွေက သီချင်းသံတွေကြားမှာ မထွက်တစ်ချက် ထွက်တစ်ချက်...ဝေဖန်သူ ရှိသလို..ချီးကျူးသူတွေလဲ ဒုနဲ့ဒေး...

အပေါ်စီးမှ မြင်နေရတဲ့ ခြံကြီးရဲ့ အလှက တောက်ပနေသလို ယန့်မျက်နှာမှ အပြုံးသည်လဲ အပြိုင်...အိမ်ကြီးရှင် သခင်လေးက စီစဥ်ခိုင်းသည်ဟု ဆိုကာ အိမ်အကူတွေ လာပို့သွားသည့် အနောက်တိုင်းဝတ်စုံ ပန်းသွေးရောင်က ယန့်ကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်...

ကိုယ်တိုင် စီစဥ်ပြီးအပို့ခိုင်းလိုက်သည် ဆိုတော့...ပုံစံတူလေး ဝတ်မလို့လား...ယန့် ရင်တွေ အတိုင်းအဆမရှိ ခုန်လာရသည်...ဒီည ပြီးရင်တော့ သူ့ဘေးမှာ အမြဲရှိနိုင်ဖို့ သေချာပြီ...သူ့ရဲ့ ဆိုင်သူဟာ ယန်ဆိုတာ တိုင်းသိပြည်သိပေမို့...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now