Uni
" ရင်း...မပြေးနဲ့တော့..အဝတ်စားဝတ်ရမယ်...ဒယ်ဒီ့ဆီလာ.."
" လာဘူး..."
" လင်း နဲ့ ရှန့်လေး တောင် ဝတ်လို့ပြီးသွားပြီနော် ရင်း..ပါးပါး စိတ်ဆိုးလိမ့်မယ်.."
" ဟမ့်..ဒယ်ဒီကို ပါးပါး စိတ်ဆိုး.."
" ဒယ်ဒီ့ကို ပါးပါးက ဘာလို့စိတ်ဆိုးရတာလဲ.."
" ဟမ့်..."
တစ်အိမ်လုံး ကလေးထိန်းတွေပါမကျန် မအားနိုင်ကြတာမို့ သူကိုယ်တိုင် သားတို့ကို ရေချိုးအဝတ်လဲ ပေးရတာ...ခုထိအလဲ မခံတာက ရင်း...လင်းနဲ့ရှန့်ကတော့ အဖြူရောင် ဝတ်စုံ ပြည့်တွေနဲ့ ခန့်နေပြီ...ရင်းမှာတော့ ခုထိ တုံးလုံးနဲ့ ပတ်ပြေးတုန်း....
သူ့ပါးပါး စိတ်ဆိုးတာ အကြောင်းပြပြီး သူပါ ရောရောင် ဆိုးနေတာ..အကျိုးအကြောင်းလေး မသိရတာမို့ စိတ်ထဲနေလို့မကောင်း..ဒီသားအဖတွေနဲ့တော့ ခက်တယ်...
စကားပြောတတ်နေတဲ့ အရွယ်ပေမဲ့..အပြည့်အစုံ ပြောတယ်လို့မရှိပဲ လိုရင်းကိုသာပြောတဲ့ ရင်းက ခုလဲ နှုတ်ခမ်းကို ဝက်ဖင်ဖြစ်အောင် ထော်ပြီး အနားမလာ...ဖမ်းလို့လဲ မမိ..သူစိတ်ဆိုးနေတာပေါ့ ဒါက...
" လာပါ သားရယ်...ပါးပါးစိတ်ဆိုးနေရင် ဒယ်ဒီချော့လိုက်ပါ့မယ်...ပြီးရင် သားတို့စိတ်ကြိုက်ပြောကွာ ဖြစ်စေရမယ်.. ခုတော့ အင်္ကျီ ဝတ်မှဖြစ်မယ် မင်းသားလေး အေးနေတော့မယ်.."
" အင့်.."
" ဟားးဟားးဟားး..ဟုတ်ပါပြီကွာ.. ဒယ်ဒီတောင်းပန်တယ်နော်.."
" ပါးပါးကို တောင်းပန်.. "
" ဖြစ်စေရမယ် ဗျ..."
ကိုယ်လုံးတစ်တစ်လေးကိုပြစ်ပေးပြီး ဝတ်ခိုင်းတော့ သူ့မှာ ပြုံးလို့မပြီးနိုင်...ဒီအတတ်ကလေးတွေက သူ့ကိုကပ်တယ် ဆိုပေမဲ့ ရှောင်းကိုအချစ်ပိုကြတာ...
ခုပဲကြည့်..ရှောင်းစိတ်မကြည်တာနဲ့ပဲ သူတို့ပါရော ယောင်စိတ်ဆိုးနေကြတာ...အဝတ်လဲ ပြီးတာနဲ့ လင်းနဲ့ ရှန့်ရှိရာ ကုတင်ထက်တင်ပေးလိုက်တော့..ငြိမ်သက်စွာ ထိုင်နေပြန်သည်...မျက်မှောင်လေးကတော့ တွန့်ချိုးလို့ကောင်းနေဆဲ...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..