Uni
တစ်ဖြည်းဖြည်း လရင့်လာတဲ့ ဗိုက်ကလေး ကြောင့် မောင့်မှာ ကုမ္မဏီ ကိုတောင် မသွားနိုင်တော့...အရေးမကြီးရင်ကို မသွားတော့တာ...သွားဖြစ်ရင်တောင်မှ အသွားအပြန် မိနစ်ပိုင်းပဲ ကြာတာဖြစ်သည်...
ငါးလဆိုတဲ့ ဗိုက်က ပုံမှန်ထက် ပိုပြီးပူနေတာမို့ ဂရုစိုက်နေရတာ အရမ်းပင်...ချုံချင့်မှ ဖိုးတို့ကလည်း မကြာမကြာအလည်လာကြသည်မို့ မပျင်းရ...ဆေးရုံ ရက်ချိန်းတွေရောက်လာတိုင်း မောင်က တယုတယ တွဲလို့ ကိုယ်တိုင် လိုက်ပေးတာ...
များပြားလှတဲ့ ဗိုက်ပူတွေကြားမှာ မောင်က မပျင်းမရိထိုင်စောင့်ပေးပါသေးသည်...စားချင်သမျှ စားစေသလို မတည့်လျှင်လဲ ဘယ်လိုမှ ဂျစ်တိုက်၍မရ...မောင်က စိတ်ပူတာဆိုတဲ့ စကားနဲ့တင် မောင့်စကား နားထောင်ပေးလိုက်ရတာချည်းပဲ...ခုလည်း ဆေးရုံရောက်ရပြန်ပြီ....
ရှောင်း ပြနေကျဆရာဝန်ကို မြင်တော့ ပြောပါသေးသည်...နာမည် ကြားဖူးရုံတင်မဟုတ်ဘူး..မြင်ပါ မြင်ဖူးတာတဲ့..မောင့် လူယုံ ဟောက်ရွမ်း ရဲ့ ကြင်သူသက်ထီးဆိုလားပဲ...ထိုအချိန်က ရှောင်း အံ့သြခဲ့ရသေးတာ...
" အပြန်ကျရင် ဘာဝယ်သွားချင်လဲ..မောင်တို့ ဝင်ဝယ်သွားရအောင်.."
" ငါက ဘာမှမစားချင်ပါဘူး.."
" နံနံပင် ပါရင်စားတယ်ပေါ့.. ဒီလိုလား.."
" အင်း..အဟီး.."
" ဟုတ်ပါပြီဗျာ... အိမ်ရောက်ရင် ချက်ပေးခိုင်းမယ်.."
" မောင်က အကောင်းဆုံးပဲ.. "
" အင်း..."
နှစ်ယောက်သား စကားပြောနေတာ ပတ်ဝန်းကျင် ကိုတောင်မေ့လုလု...တစ်ယောက်ပြီး တစ်ယောက် ဝင်လိုက်ထွက်လိုက် ဖြစ်နေတဲ့ လူနာပင် နည်းနေပြီ...
အနားမှ လူတစ်ချို့ပင် ရှောင်းတို့အား ကွက်ကြည့်ကွက်ကြည့် ဖြစ်နေကြပြီ.." လူနာရှောင်းရှင့် ဝင်လို့ရပါပြီ..."
" ဟုတ်ကဲ့.."
သူနာပြုတစ်ယောက်ရဲ့ ခေါ်သံကြားမှ မောင်က ရှောင်းကိုတွဲကာ ဝင်စေသည်...မျက်မှန်ဝိုင်းကြီးနဲ့ ဆရာဝန် သေးသေးလေးကတော့ အပြုံးချိုချိုလေးနဲ့ ကြိုနေသည်...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..