Uni
မနက်ကတည်းက အမှာပါးနေတာ ရှောင်းကားပေါ် တက်တော့မဲ့ အချိန်ထိ သူ့မှာ ပြောလို့မပြီးနိုင်...ဖိုးက နေလို့မကောင်းဘူးဆိုတာကြောင့် ချုံ့ချင့်ပြန်ရန်ဖြစ်လာသည်....
မနေ့မနက် ချုံ့ချင့်မှဖုန်းဝင်လာပြီးကတည်းက သူ့မှာ ပြောလို့မပြီး...သူငယ်ချင်းတွေပါ ရှိနေတော့ မလိုက်နိုင်တာကို အားနာနေပုံရသည့်မောင့်မျက်နှာက မကြည်မလင်....စားဖို့ အိပ်ဖို့တွေကအစ မှာနေတာ တစ်နေ့နဲ့ တစ်ည...ရှောင်းကိုတော့ ဂရုစိုက်ဖို့မှာပြီး သူကတော့ ဖြစ်သလိုနေတော့မှာ တွေးမိပြန်တော့ မျက်နှာကိုရှုံ့မဲ့ပြစ်လိုက်သည်...
သူ့များကို ပဲစိတ်ပူနေတာ သူ့ကျတော့ ဖြစ်သလိုနေတာမလား..ရှောင်း မရှိရင် ပိုတောင်ဆိုးသေးတာ..." ဖိုးကိုပဲ ဂရုစိုက်မနေနဲ့ဦး..ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ဖို့သတိရ...မောင်ပြောတာနားလည်လား.."
" နားလည်ပါတယ် မောင်ရယ်...စိတ်ချပါ.. ငါ ငယ်ငယ်လေးကတည်းက နေလာတဲ့နေရာပဲ.ပူစရာမရှိပါဘူး.."
" မောင် တကယ်စိတ်မချဘူး.."
" ဟောဗျာ..စိတ်ချပါဆို.."
" အလုပ်များနေလို့ကွာ..ပြီးတော့ ဟိုကောင်တွေလဲ ရှိနေလို့..မဟုတ်ရင်လိုက်တယ်..ဒါမှမဟုတ် လိုက်ပို့ပြီး ပြန်လာရမလား.."
" ပေါက်ကရ မောင်ရာ...နီးနီးနားနား လေးလဲ မဟုတ်တာကို..စိတ်ချပါဆို..ဖန်ရှင်းကို ခေါ်သွားမှာပဲ.."
" ခေါ်သွားတာက ခေါ်သွားတာပဲ...ဒါနဲ့..မနေ့ညက အဝတ်တွေထည့်နေတုန်းက ဘာလို့မောင့် အင်္ကျီ တွေထည့်နေတာလဲ.. မောင့်ကိုပါခေါ်မယ်ထင်တာ.."
" လွမ်းရင် ဝတ်ထားမလို့လေ..ဘာလဲ ဝတ်လို့မရဘူးလား.."
" မဟုတ်ရပါဘူးဗျာ... ဝတ်ပါဗျ..အနီရောင်သရဲ လေးက အစိမ်းရောင်တွေယူဝတ်နေတော့ အံ့သြလို့ပါ..."
" ဟွန့်...ဒါပဲ သွားတော့မယ် နောက်ကျနေတော့မယ်.."
" ဂရုစိုက်နော် ရှောင်း..မောင့်ကို ဖုန်းခေါ်ဦး ရောက်ရင်..ကြားလား.."
" ဟုတ်ပါပြီ...မွ..သွားပြီမောင်.."
" ဖန်ရှင်း ဂရုစိုက်.."
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..