Uni
အနည်းငယ် ကျန်နေသေးတဲ့ နှင်းတွေကြားထဲမှ ထိုးကျနေသည့် နေရောင်နုနုက ခပ်နွေးနွေး....မနက်ခင်း ထပြေးတတ်တဲ့အကျင့်မရှိပေမဲ့..ဒီနေ့တော့ ပြေးဖြစ်သည်...အအေး မကြိုက်သူမို့ အပြင်မထွက်လိုတာလဲ ပါသည်....
ညက ပြန်ရောက်လာတဲ့ ဒယ်ဒီကြောင့် စကားတွေ များရသေးသည်....တစ်ယောက်ထဲ ရောက်လာတာ မဟုတ်ပဲ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည် ကိုပါ ခေါ်ခဲ့သည်တဲ့...ညကြီးအချိန်မတော် ပြန်ရောက်လာပြီး သူ့ကို လာနိုးသည်မို့ မထချင်ပဲ ထခဲ့ရသေးသည်....
" အဖေ ဘာတွေလုပ်နေတာလဲ အဖေ့မြေးက ယောက်ျား ဆိုတာ အဖေမေ့နေတာလား "
" ဟ..မေ့စရာလားကွ... ငါ့မြေးမှာ ရွှေဥပါတာ ငါသိတယ် မင်းထက်အရင် ငါသိတာ.. "
" ဒါဆို ဘာလို့ ယောက်ျားပေးစားမှာလဲ...မိန်းကလေးတွေပေါလွန်းလို့.."
" အေး...အဲဒီပေါများနေတဲ့ မိန်းမတွေက သန့်ရှင်းမှု့ရှိဦးမှလေ "
" အဖေ့..."
သန့်ရင်းမှု့ဆိုတဲ့ စကားနားကိုရောက်တော့ ဖိုးဝမ်က အားနဲ့ဖိပြောသလို...ဒယ်ဒီ့မျက်နှာက ပါမဲခနဲ...သူယူခဲ့တဲ့ မိန်းမက ဘယ်အတန်းစားလဲ ဆိုတာ ဖိုးဝမ် မသိရှိမလား....ဒယ်ဒီက သာ မ စိတ်မွှန်နေလို့ မသိတာ...
" မဖြစ်နိုင်ဘူး အဖေ....ကျွန်တော့် သား အခြောက်မဟုတ်ဘူး...ကျွန်တော် သဘော မတူဘူး "
" မင်းကို ပြန်ခေါ်တာ... ခွင့်ပြုချက် တောင်းဖို့ မဟုတ်ဘူး ....ဖခင်တစ်ယောက်အနေနဲ့ သိသင့်တယ် ထင်လို့ ခေါ်လိုက်တာ....မကျေနပ်ရင် မင်းတို့ လာရာလမ်းအတိုင်းသာ ပြန်..."
" အဖေ မဟုတ်သေးပါဘူး ဗျာ....ကျွန်တော့်သား ကိစ္စကို ကျွန်တော် ဝင်ပြောခွင့်မရှိတာ ကတော့ မဟုတ်ပါဘူး "
" မင်း ဘယ်တုန်းက သားအဖြစ်သတ်မှတ်လိုက်တာလဲ...မင်းကရော...အဖေဖြစ်ဖို့ တန်ရဲ့လား...မင်းအမေသာ သိရင် တမလွန်ကနေ ရင်ထုမနာ ဖြစ်နေမှာ... မင်းလို သားမျိုး မွေးမိလေခြင်းဆိုပြီး..."
ဖိုးဝမ်နဲ့..ဒယ်ဒီ့ကြား ဝင်ဖို့ ရိပေါ်မှာ စိတ်ကူး မရှိ...လူမမယ် ကလေးတစ်ယောက် မိခင်ပျောက်လို့ ဂျောင်ကပ်ငိုနေတဲ့ အချိန်မှာ ရှိနေသင့်တဲ့ ဖခင်က ဘယ်မလဲ.... အမှောင်ကြောက်တဲ့သားက အမှောင်ထဲမှာ ငိုနေတာ တိုဖခင် သိခဲ့လို့လား....
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..