Uni
ဆေးရုံက ဆင်းလာပြီးကတည်းက ရှုပ်လိုက်တဲ့အလုပ် မောင်ရော ရှောင်းပါမနားရ...ထိုကိစ္စနဲ့ပဲ မောင်က ကလေးထိန်းခေါ်ရန်ပြောလာတော့သည်...ရှောင်းကတော့ ကလေးထိန်း မလိုပါ..ကိုယ်မွေးထားတာမို့ ကိုယ်တိုင်သာ ထိန်းလိုသည်...
မောင်ကတော့ ရှောင်ပင်ပန်းမှာ စိုးရိမ်တယ်လို့ပြောပေမဲ့ သားတွေကို သူစိမ်းလက်မှာ စိတ်ချပြီးမထားနိုင်...မောင်ဘယ်လောက်ပြောပြော ရှောင်းကလက်မခံတာမို့ မောင်အလုပ်ကပြန်ရောက်လာတိုင်း အငြင်းပွားရတာတွေအထိပါဖြစ်လာသည်...
မောင်ပြောတာ မှားသည်တော့မဟုတ်..အလုပ်ကပြန်လာတဲ့ မောင့်ကိုပြုစုပေးချင်တာက တစ်မျိုး..သားတွေကိုကြည့်ချင်တာကတစ်မျိုး...ညစာပြင်ချင်တာက တစ်မျိုး...
ပင်ပန်းလွန်းလို့ လူက မဟန်ချင်တော့ အရိပ်လိုကြည့်နေတဲ့ မောင်က ဆူသည်...ကိုယ့်ထက်ငယ်သူမို့ ပြန်ပြောချင်ပေမဲ့ မောင်ကအိမ်ထောင်ဦးစီး..မောင့်ပတ်ဝန်းကျင်မှာ မောင့်သိက္ခာဆိုတာ ရှိတယ်မလား...
ရှောင်းကို လက်ထပ်ယူပြီး တင့်တင့်တယ်တယ်ထားတာနဲ့ကို တော်လှပြီ...ရှောင်းပင်ပန်းမှာ စိုးပြောနေတယ်ဆိုတာ သိပေမဲ့ သားတွေကို ဘယ်လိုမှ စိတ်ချလိုက်လို့မရ...
" ပင်ပန်းနေပြီမလား ရှောင်း.."
" မပင်ပန်းပါဘူး မောင်ရယ် "
" ကြည့်လုပ်ဗျာ..တော်ကြာ သားတွေကိုမကပဲ ရှောင်းကိုပါ ပြုစုနေရမှ ခက်မှာ.."
" မပြုစုချင်ဘူးလား.."
" ပြုစုချင်တာမှ တအားပဲ... ဒါပေမဲ့ မင်း အိပ်ယာထဲလဲ နေတာမြင်ရရင် ဒီကောင့်ရင်က ကွဲတော့မလိုနာတယ်.."
" မောင်ကလဲ.."
" အဟုတ်ဗျ...သားတွေကို လိုအပ်သလို မင်းကိုလဲ မောင်ကလိုအပ်တယ်..မင်းပင်ပန်းနေတာ မြင်ရရင် မောင့်ကို မောင် အသုံးမကျသလို ခံစားရတယ် "
" မောင့်.."
" ကလေးထိန်းခေါ်တယ် ဆိုပေမဲ့ကွာ..မောင်တို့ရှေ့မှာပဲ ရှိနေမှာ လေ..မြင်နေရမှာကို ရှောင်းဝင်ထိန်းလဲ ရပါတယ်..."
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..