3

2.6K 146 1
                                    


Uni





  " ဖွား နေမကောင်းဘူးဆို "

  " ဘယ်သူကပြောတာလဲ "

  " ဖိုး ပြောတာလေ "

  " ယုံတာပဲလား " 

  " ဖိုး ကဗျာ..."

  " ဟား...ဟား..ဟား..."

ညစာ ဝိုင်းမှာ အူပြတ်မတတ် ရယ်နေတဲ့ ဖိုးကိုကြည့်ကာ....တကယ့် လူငယ်လေးလို....ဖွားနေမကောင်းဘူး ဟုဆိုကာ အိမ်ပြန်လာခဲ့ဖို့ ခေါ်ခဲ့သည်..သူ့မှာ အလုပ်တွေ အကုန်လွတ်ချလို့ မြို့ထဲ အပြေးပြန်ခဲ့ရသည်မလား....
ခုကျ လိမ်တယ်တဲ့လေ...

  " ဒီလိုမှ မပြောရင် ပြန်လာပါ့မလား ငါ့မြေးက.."

  " ပြန်လာမှာပေါ့ ဖိုးရယ်...ခုက ဒီလိုပြောတော့ စိတ်ပူရတယ်လေ.."

  " ဟုတ်ပါပြီ မြေးရယ် စိတ်လျှော့..ဖွားက မြေးအကြိုက်ချက်ထားတာ..များများစား "

  " ဟုတ်ကဲ့ ဖွား "

  " ဒါနဲ့မြေး..."

  " ဟုတ်.."

  " ဟေးလုံ ပြန်ပါ မလာဘူးလား "

  " မပါလာဘူး ဖိုး...ဘာလို့.."

.....ဟိုက်..သေစမ်း.....

ဟေးလုံ ဆိုမှ....ပြန်မခေါ်ခဲ့တဲ့အပြင်...ကြိုးပါဖြည်ပေးခဲ့လိုက်သေးတာ...ခြံလှုံတယ်ဆိုရင်တောင်မှ လမ်းသွား လမ်းလာတွေအတွက်က သိပ်မကောင်းလှ...အထူးသဖြင့် မနက်က မြင်ခဲ့ရသည်..ခြံဝယ်သူ ပွဲစား ရှန်ဟိုင်းသားများ....

  " ဟဲ့ မြေး..ဘာတွေ တွေးနေတာလည်း..စားပြီးရင် နားတော့...ပင်ပန်းလာတယ်မလား "

  " ဟုတ် ဖွား ဝမ်အန်း "

  " ဝမ်အန်း...မြေးလေး "

ဖွားနဲ့ ဖိုးကိုနှုတ်ဆက်ပြီး အခန်းထဲ ဝင်ခဲ့လိုက်သည်....ရှေးဆန်တဲ့ လူကြီးများမို့ အိမ်အပြင်အဆင်တွေက အစ အနည်းငယ် ရှေးကျချင်သည်...သို့သော် ဖွားကခေတ်ရေစီးကြောင်းကို မီသူမို့ အိမ်အသုံး ပစ္စည်းတွေ ကတော့ အကောင်းတွေချည်းသာ....

မြေးနှစ်ယောက်ရှိပေမဲ့ ခေတ်ရှေ့ပြေးသူ ရှောင်းယန်ကတော့ ဖွားတို့နဲ့ အနေနည်းသူ.......အမွှာပေမဲ့ အသွင်သာတူပြီး စရိုက်ကမတူတာမို့ ဖွားတို့ကပါ လျစ်လျူ ရှု့ခဲ့ကြဟန်....ဘယ်လိုဖြစ်ဖြစ် အားယန်က ညီအရင်းပေမို့ ရှောင်း ချစ်နိုင်သည်..လူငယ်တစ်ယောက် အပျော်မက်တာ မထူးဆန်းဘူးမလား....

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now