39

2.2K 126 6
                                    

Uni

  " ပါး..ပါးပါး..နှင်းကျ.."

  " ဟင်.."

မှန်တွေအပြည့်ကာရန်ထားတဲ့ အခန်းမို့..အပြင်ဘက်ကို အထင်းသားမြင်နေရသည်...မှောင်ရည်ပျိုးလာပေမဲ့ ပြန်မရောက်သေးတဲ့ မောင်ကြောင့် အလုပ်ခန်း မှာ ပန်းချီဆွဲရင်း စောင့်နေဖြစ်သည်...

ကလေးထိန်းနှစ်ဦးနဲ့ ဆော့နေတဲ့ သားတို့ကတော့ သူတို့ဒယ်ဒီကို မေ့နေကြပုံပင်...ရှောင်းလဲ ပန်းချီက်ုအာရုံစိုက်နေရာမှ ရင်းလေး အော်သံကြောင့် အပြင်ဘက်ကို ကြည့်လိုက်မိသည်...

ဟုတ်သား..ဒီရက်ပိုင်း အအေးဓာတ်ကပိုလာတာမို့ သားတို့ကိုတောင် အရင်လို ပါးပါးလေးဝတ်မပေးရဲ...ခုတော့ နှင်းကျပြီ..ရှန်ဟိုင်းသည်နှစ်အတွက် ရဲ့ပထမဆုံး နှင်းကျခြင်း...

  " ပါး..နှင်းထဲဆော့.."

  " အေးတယ်လေ..လင်းလေးရဲ့.."

  " ရှန့်ရှန့်..လဲဆော့မယ်.."

  " ရင်းလေးလဲ ဆော့.."

  " သား...လင်း မပြေးနဲ့..မျန်မျန်..လိုက်ပါဦး လဲတော့မှာပဲ.."

  " ဟုတ်ကဲ့ အစ်ကိုလေး.."

ယုန်မွေးအနွေးဝတ် အစိမ်းရောင်ဆင်တူလေးနဲ့ သုံးနှစ်သားတို့မှာ အပြင်ကို လုံးနေအောင်ထွက်ပြေးတာမို့..လက်ထဲက စုတ်တံကိုအမြန်ချကာ နောက်ကလိုက်ရပြန်သည်..အဆော့မက်တဲ့ ကလေးအရွယ်မို့ အပြစ်တော့ဆိုမရ...

တစ်ဖွဲဖွဲ ကျလာတဲ့နှင်းတွေအောက်မှာ ပါးစပ်လေးတွေ ဟလို့ခုံပေါက်ပျော်ရွှင်နေတဲ့ သားတို့ကိုကြည့်ရင်း ရှောင်း အေးရမှန်းပင်မသိ...ဆွယ်တာ ပြာပြာနဲ့ ဘောင်းဘီအဖြူကြောင်သေချာပေါက်ကို ထင်းနေလိမ့်မည်...

  " မျန်မျန်...သားတို့ကို အကြာကြီးပေးမဆော့နဲ့ အေးလိမ့်မယ်.."

  " ဟုတ်ကဲ့ အစ်ကိုလေး."

အိမ်ထဲ ပြန်လှည့်ဝင်မည်အပြုတွင်..ခြံထဲဝင်လာတဲ့ ကားမီးရောင်ကြောင့် ခြေလှမ်းတွေ တုန့်ရသည်...မောင် ပြန်လာပြီ...

ကားရပ်တာနဲ့ ဆင်းလာတဲ့ မောင့်လက်ထဲမှာ..အနီရောင်ရဲရဲ နှင်းဆီကို အနက်ရောင်ရောင် စက္ကူနဲ့ ထုပ်ပိုးထားတဲ့ ပန်းစီးကြီး...လောင်းကုတ်ကြီး တစ်လွင့်လွင့်နဲ့ လျှောက်လာနေတဲ့ မောင်က ရှောင်းယောက်ျားမို့ ပြောတာမဟုတ်ပါဘူး.. တကယ်ခန့်ညားနေလိုက်တာ...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now