6

2.5K 153 1
                                    



Uni






တစ်ထပ်အိမ်ကို ကျယ်ကျယ် ဝန်းဝန်းဆောက်လုပ်ထားသည်မို့ အနေကျဥ်းသလို ခံစားချက်တော့မရ...ဧည့်ခန်းထဲမှ စကားသံကို တိုးတိုးသဲ့သဲ့ ကြားနိုင်တယ် ဆိုရုံလေးတော့ရှိသည်...စေ့စပ်ပွဲနေ့မို့အိမ်ရှိလူများ တစ်ဦးမှ မအားနိုင်....တစ်ဖက်အခန်းမှာ ပါးနဲ့ ယန်ပြောနေကြတဲ့ စကားကိုတော့ ရှောင်းနားမထောင်ချင်လဲ ကြားနေရပါသည်....

  " ဒီစေ့စပ်ပွဲကို မင်းအတွက် ရယ်ရွယ်ခဲ့တာ ယန်.."

  " ကျွန်တော်မှ မလိုချင်တာ ပါးရာ.."

  " မင်း..ရှေ့ရေးအတွက် ပြောနေတာ ယန်..မင်းဘဝ အေးအေးဆေးဆေး နေသွားနိုင်ဖို့ပြောနေတာ "

  " သူ့ကို မယူလဲ နေနိုင်ပါတယ် ပါး..ကျွန်တော် ယောကျ်ား.."

  " ပြောနေရင်..သေချာနားထောင်လေကွာ...ဘယ်သွားဦးမလို့လဲ.."

  " ချိန်းထားတာရှိတယ် စေ့စပ်ပွဲမှာ ကျွန်တော် မရှိလဲ ရတယ်မလား.."

  " ယန်..ဟေ့ကောင်.. ပြောနေရင်းနဲ့..."

မကျေမချမ်း ရေရွတ်ရင်းကျန်နေခဲ့တဲ့ ပါးကို..ယန် လှည့်မကြည့်တော့...အချိန်အားဖြင့် မနက်ခြောက်နာရီ ရှိပြီ..ဆောင်းရာသီ လွန်လုပြီမို့ အာရုံတက်တာ စောသည်လေ...
တစ်ချိန်တစ်ခါမျှ သာရောက်ခဲ့ရသည့်...ချယ်ရီပင်တန်းတွေဆီ ပြန်သွားနေချင်နေမိတာ ဘာ့ကြောင့်မှန်းမသိ....
နှာခေါင်းဖျား လုံးနေသည့်ကောင်လေးတစ်ယောက်ကြောင့်များလား ...

ပါးရဲ့ အားမလိုအားမရရေရွတ် သံတွေကအစ..ရှောင်းကြားနေရသည်... မင်းရှေ့ရေးအတွက် ဆိုပဲ... စိတ်ပူတတ်နေလိုက်တာများ...ရှောင်းက ပါးရဲ့သား မဟုတ်လို့လား...ရှောင်းရဲ့ ရှေ့ရေးဆိုတာကိုတော့ ပါးမေ့ထားတာလား...သတိကိုမရတာလား...
ရှောင်းမှတ်မိသလောက်ဆိုရင် သိတတ်တဲ့ အရွာ်ကတည်းကပါပဲ..ပါးဆီက စိတ်ပူသံတွေမကြားရတာ...

ရှောင်းက တစ်ယောက်ထဲ ရပ်တည်နိုင်လို့ စိတ်မပူတာပဲ ထားပါတော့...ရှောင်းကလည်း သားတစ်ယောက်ပဲ စိတ်ပုပေးဖို့ လိုတာပေါ့.....အများကြီး မဟုတ်ဘူး နည်းနည်း လောက်ဆိုရင်ပဲ ကျေနပ်နေပြီမို့...

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now