Uni
လေအေး တစ်ဖြူးဖြူးတိုင်ခတ်နေတဲ့ သင်္ချိုင်းဝန်းထဲမှာ ဘဝနိဂုန်းအဆုံးရဲ့ မှတ်တိုင်တွေက များပြားလွန်းလှစွာ...ဆိတ်ငြိမ်ခြင်းကို နှစ်သက်ကြသော်ငြား မည်သူမှ မလာလိုသည့်နေရာ...
သေဆုံးသူတို့အား ပို့ဆောင်သည့်အချိန်မှ လွဲ၍ လူသူမရှိသည့်နေရာ...မည်မျှပင်ချစ်ပါစေ..သေဆုံးသူနဲ့ အတူလိုက်နေဖို့က မည်သူမှ မလုပ်နိုင်သည့်အရာပင်မလား...နှစ်ပတ်လည် နေ့မှလွဲ၍ အမြဲလာမေတယ်ဆိုတာ မရှိသလောက်...
ပျောက်သောသူ ရှာရင်တွေ့...သေသောသူကြာရင်မေ့ ဆိုသလို အချိန်ကြာလာရင်..မေ့ပြီး ပြစ်ထားကြတာတွေချည်း...ကိုယ့်အတွက် အရေးပါလွန်းရင်တော့ တစ်မျိုးပေါ့...
ဝမ်အိမ်တော်သခင်..
ဥက္ကဠကြီးဝမ်ရိုဟန်..အသက် 96 နှစ်.ဒီဇင်ဘာ 10ရက်နေ့တွင် ကွယ်လွန်သည်...ဖိုးဝမ်ဆုံးတာ သားတွေ ဆယ့်သုံးနှစ်ပြည့်အလွန်မှာ လူကြီးရောဂါနဲ့ ဆုံးခြင်း...ခုဆို သုံးမွှာက ဆယ့်ငါးနှစ်ရှိနေပြီ...ဖိုးဝမ်ဆုံးတာ နှစ်စု နှစ်ခုရှိခဲ့ပြီ...
ဘဝရဲ့ အရေးပါဆုံးသော အစိတ်ပိုင်းတစ်ခု ပျောက်သွားခဲ့တော့ နေရတာ သိပ်အဆင်မပြေလှ...ဖိုးဝမ်က သူ့အတွက် ဘယ်လောက်ထိ အရေးပါခဲ့တယ်ဆိုတာ နှိုင်းပြစရာပင်မရှိ...သူ့အတွက် ဖခင်လိုတစ်မျိုး မိခင်လို တစ်ဖုံ သူငယ်ချင်း လိုတစ်သွယ် ချစ်ပေးခဲ့တဲ့ တစ်ဦးတည်းသော လမ်းပြကြယ်..
သူ့အတွက် မြတ်နိုးစရာမိသားစုလေး ဖန်တီးနိုင်အောင် ချစ်ရသူနဲ့ဆုံစေခဲ့သူ...သူ့အနားက ထာဝရထွက်သွားရတာတောင် ပြည့်စုံတဲ့မိသားစုလေးတော့ ထားခဲ့ပေးတယ်မလား...
တကယ် သူ့အတွက် ဘာကိုမှ မလိုအပ်တော့တာ..." ငိုချင်ရင် ငိုချလိုက်မောင်...တင်းမထားနဲ့ "
" အဟင်း..မောင် မငိုပါဘူး.."
" အင်းပါ... ငိုချင်ရင်သာ ငိုလိုက်ပါ..မောင့်အနားမှာ ငါရှိတယ်နော်.."
" ကျေးဇူးပါ ရှောင်းရယ်.."
ဖိုးဝမ်ရဲ့ ဂူရှေ့မှာ ယှဥ်ရပ်နေကြရင်းက လက်မောင်းကို အသာဆုပ်ကာ အားပေးလာသည့် လေးဆယ့်ခုနှစ် နှစ်အရွယ် သူ့အိမ်သားလေးက နုပျိုမှု့တွေအပြည့်...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Фанфикပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..