11

2.8K 159 3
                                    



Uni





ထမင်းစားပွဲမှာ အတူထိုင်နေရပေမဲ့ ယန် ​အဆင်မပြေ...ဟင်းတွေ တစ်မျိုးပြီး တစ်မျိုး ညွှန်ရင်း ထည့်ပေးနေသည့် ရှောင်းရဲ့လက်တွေကိုတစ်လှည့်... စင်းကျနေတဲ့ မျက်တောင်တို့ကို တစ်လှည့် ကြည့်နေသူရဲ့ မျက်နှာမှာ ပြုံးရိပ်က ငွေ့ငွေ့ထင်နေသည်...
ပုံမှန်ဆိုရင် ရှောင်းက အနေအေးသူပဲ...အ​ေနအေးသူ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ဘေးကလူကိုပင် နွေးထွေးစေသည်အထိ ခံစား၍ရသည်...

တူကို ကိုင်ထားတဲ့ ယန့်ရဲ့လက်တွေ တုန်ချင်နေသည်..လည်ချောင်းတစ်လျှောက် နာကျင်လာမှု့နဲ့အတူ အမြင်အာရုံကပါ ဝါးလာတော့ ငိုချင်နေပြီမှန်း သိလိုက်သည်....
ယတိပြတ် ငြင်းခဲ့မိသည့် ယန်ကပဲ မှားတာလား...လူကြီးစကားဆိုရင် အလိုလို နာခံတတ်နေတဲ့ ရှောင်းကိုပဲ အပြစ်တင်ရလေမလား...ပြုံးကြည်နေကြသူ နှစ်ဦးကတော့ ယန့်အဖြစ်ကို မြင်ပုံမရ....
မားကပါ တိတ်ဆိတ် စွာ ပြုံး၍ ကြည့်နေခဲ့သည်...မိခင် မေတ္တာ ပေပဲ..

  " ကျွန်တော် ပြီးပြီ..ကောင်းကောင်း စားကြပါ "

  " အစားနည်းလိုက်တာ ယန်...မင်းစားချင်တာ ရှိရင်ပြောလေ ငါချက်ပေးမယ် "

  " နေပါစေ.. ငါမဆာလို့ "

  " ယန်.."

မျက်နှာ မကောင်းစွာ ထထွက်သွားတဲ့ ယန့်ကိုလိုက်ခေါ်ဖို့ ပြင်လိုက်ပေမဲ့...လက်တစ်ဖက်ကို ဆွဲကိုင်ကာမျက်ရိပ်ပြလာသူကြောင့် ပြန်ထိုင်လိုက်ရသည်...မားကိုကြည့်မိတော့လဲ အေးဆေးပဲ... ဘာမှ မဖြစ်ဘူး ဆိုတဲ့အကြည့်နဲ့ ရှောင်းကိုကြည့်နေခဲ့သည်...

ထိုလူက ကြင်နာတတ်သူ ရိုးရှင်းသူမို့ လူတစ်ယောက် ကိုရိုးရိုးသာတွေး၍ ရိုးရိုး သာပြောဆိုပေလိမ့်မည်...လောကကြီး နဲ့ ရင်ဘောင်တန်းနေသူ သူ့အဖို့ ဘယ်သူ့အကြည့်က ဘယ်လိုဆိုတာ သိဖို့မခက်....
ထို့လူ့ ညီတဲ့..ရုပ်တူလို့သာ ယုံရတာ..ထိုလူနဲ့ နည်းနည်းလေးမှ မအပ်စပ်...
အိမ်မှ ထိုလူက သိပ်ကိုအေးချမ်းသည့် လူ....ယန်ဆိုသော သူကတော့စတွေ့ကတည်းက ရိပေါ်ကိုကြည့်နေတဲ့အကြည့်မှာ ရိုးသားခြင်းတွေ စိုးစဥ်းမျှမပါ....ဒါကို ထိုလူကတော့မသိ ကိုယ့်ယောကျ်ားကို ဘယ်လိုအကြည့်နဲ့ကြည့်နေသည်လဲ ဆိုတာကိုမသိ....သူလုပ်ချင်ရာ သူဖြစ်ချင်ရာတွေဆီကိုသာ တိုက်ရိုက်ဦးတည်သည်....

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now