15

2.6K 138 8
                                    




Uni



" ဘာတွေလျှောက်လုပ်နေတာလဲ ယန်...မင်းစိန်ခေါ်နေတာ ဝမ်အိမ်တော်ရဲ့ ဆက်ခံသူ နော်.."

" ဘာလို့လဲ လုပ်လို့မရဘူး လား... ကျွန်တော်က ဘာဖြစ်နေလို့လဲ... ကျွန်တော်က ရှောင်း မဟုတ်လို့လား.."

  " ယန်...ဖြစ်မှမဖြစ်နိုင်ပဲ ငါ့သားရယ်..ရပ်လိုက်ပါတော့ "

  " မရပ်နိုင်ဘူး ပါး...ဝမ်ရိပေါ်ကို အစကတည်းက ကျွန်တော် ပိုင်တာပါ "

  " သူနဲ့ လက်ထပ်ဖို့ ပြောခဲ့တုန်းက မင်းလက်ခံခဲ့လို့လား "

  " သူမှန်း မသိခဲ့လို့ပေါ့..."

  " ခုမှ သိတော့ရော...လုပ်ချင်ရာ လုပ်လို့ရမလား...လက်ရှိ ရိပေါ်ကို ရှောင်းပိုင်တာလေ...ဝမ်အိမ်ရဲ့ သားမက်က ရှောင်းပဲ... "

  " မဟုတ်ဘူး... ရှောင်း မဟုတ်ဘူး...ကျွန်တော်.. ယန် ဆိုတဲ့ကျွန်တော်..ဒါက အမှန်တရား ပဲ "

  " လက်ရှိ အမှန်တရားက ရှောင်းကမှ ဝမ်အိမ်ရဲ့ သားမက်..ဒါက အမှန်တရား လူတွေ သိတဲ့ အမှန်တရား "

  " မပြောနဲ့ "

" ယန်..."

  " ပါး..ကျွန်တော့် ကိုမအော်ပါနဲ့...ပါးက ဘာလို့ ရှောင်းဖက်ကို ပါသွားရတာလည်း...ကျွန်တော့်ဖက်ကမဟုတ်ဘူးလား "

  " ယန်...ပါး ဘက်လိုက်နေတာ မဟုတ်ဘူး.. မဖြစ်သင့်တာတွေ ဖြစ်လာမှာ စိုးလို့ပြောနေတာ..."

  " မဖြစ်သင့်တာ လား...ဖြစ်သင့် တာလား ပါးရဲ့...ကျွန်တော်က ဝမ်အိမ်ရဲ့ သားမက်ဖြစ်ချင်တာမဟုတ်ဘူး ဝမ်ရိပေါ်ရဲ့ ဆိုင်သူဖြစ်ချင်တာ....သူ့ကိုချစ်တယ် ပါးရဲ့..ကျွန်တော် အရမ်းချစ်တာ..."

  " ဝမ်သခင်လေးကိုမင်းလျှော့တွက်လိုက်တာပဲ ယန်....သူ့လူနဲ့ မင်းကို သူက မခွဲနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူးနော် "

  " ..... ဟင်.."

  " ယန်...အဲတာတွေထားခဲ့ပြီး ပါးတို့ဆီ ပြန်လာခဲ့ပါသားရယ်...သား လိုချင်တာ ဘာမဆို ပါးပေးပါ့မယ် .."

  " သူ့ကိုပဲ လိုချင်နေတယ် ပါးရဲ့...သူ့ကိုပဲ ဝမ်ရိပေါ် ကိုပဲ လိုချင်မိတာပါ..ကျွန်တော် မှားလို့လား "

ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်Where stories live. Discover now