Uni
ရှိသမျှ လူတွေ တုတ်တုတ်မှ မလှုပ်ရဲ...အိမ်ကြီးရှင်ကြင်ယာတော်ရဲ့ ဒေါသက နဂါးတစ်ကောင်လို ပြာချလိုက်လောက်တာမလား...အမြဲတမ်း ပြုံးကြည်နေတတ်တဲ့ မျက်နှာချောချောက မာထန်မှု့တွေအပြည့်...
ငါ့ကို မလေးစားတာ ဆိုတဲ့အသိက ရှောင်းရဲ့ဒေါသကို ပိုတိုးစေတာ...အိပ်မှုံစုံမွားနဲ့ နိုးလာတဲ့သူကို ကြည့်ရင်းဖြစ်နေတဲ့ အီယောင်းမျက်နှာက ချီးကားတက်ကျိတ်တာ ခံလိုက်ရတဲ့ ခုံဖိနပ်ပြတ်လို...နိုးလာသူကလဲ တောင်ကြည့် မြောက်ကြည့် ဘယ်ကြည့် ညာကြည့်...
" မင်းတို့က ငါ့ကိုမလေးစားတာ လား...ဖြစ်ချင်တိုင်း ဖြစ်နေရလောက်တဲ့အထိ.."
" ဗျာ...အစ်ကိုကျန့်.. ကျွန်တော်.."
" အေး..မင်း..ပြော ဒါကဘာဖြစ်ကြတာလဲ..."
" ကျွန်တော် မသိဘူး.."
" ဘာ...."
" ကျွန်တော် နေမကောင်းလို့ အိပ်နေတာပါဗျာ...ဘာမှမသိပါဘူး.."
" ဒါဆိုရင် သူက ဒီကုတင်ပေါ် ဘယ်လိုရောက်နေတာလဲ...မင်း..ဖြေ အီယောင်း..."
ဟိုက်ဆန်း ဆိုတာ ရှောင်း မောက်နဲ့ လက်ထပ်ပြီးကတည်းက အဖော်ရအောင်ဆိုပြီး ဖိုးက ထည့်ပေးလိုက်တာ....သူလဲ တောင်ပေါ်သားပဲ...ကိုယ့်ညီလို ခင်ရတဲ့သူ...ကိုယ့်ယောကျ်ားကိုမရတော့ မရ ရတာကြံတဲ့သဘောလား...နေမကောင်းလို့ အိပ်နေတဲ့ လူရဲ့ ကုတင်ပေါ်ကိုတက်ပြီး ဒရာမာခင်းနေတာ ကရောဘာလဲ...ရ
တက်သာ တက်နေတာ အိပ်နေတာ ဘယ်သူဆိုတာ သိပုံလဲမရ...ခုမှ မြင်ပြီးလူမှားလို့ ပြစ်ရအောင်လဲ အဆီတစ်ဝင်းဝင်း စားရအောင်လဲ သဲတစ်ဆတ်ဆတ် ဆိုတာမျိုးထင်ပါရဲ့...မျက်နှာက ပျက်နေတာများ မြင်လို့တောင်မကောင်းဘူး...
" ထွက်ခဲ့အပြင်ကို နှစ်ယောက်စလုံး.."
ပြောပြီးလို့ လှည့်ထွက်ရန်ပြင်လိုက်ပေမဲ့..ခါးသိမ်သိမ်ထက်ကို ရစ်ပတ်လာတဲ့ လက်တွေကြောင့် ရပ်လိုက်ရသည်...လည်တိုင်ကို မျက်နှာအပ်ပြီး တိုးဝှေ့လာသူက အိပ်ချင်မူးတူး ဖြစ်နေသေးပုံ...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..