Uni
တာဝန်ကျေလို့ လည်ပတ်နေတဲ့ရာသီကတော့ တစ်ရာသီပြီး တစ်ရာသီ...သုံးနှစ်ဆိုတဲ့ အချိန်ကသိပ်တော့မကြာလိုက်သလို...အိမ်တော်အတွင်း တီတီတာတာနဲ့ တောက်တက်တောက်တက်ပြေးနေကြတဲ့ သုံးမွှာရဲ့ အသံစာစာမှာလဲ ညံလို့...
နှစ်ဆယ့်ကိုးနှစ်အရွယ် ရှိပြီဖြစ်တဲ့ မောင်ကတော့ အရင်ကထက်ပိုပြီး တည်ငြိမ်လာသည်...တာဝန်လစ်ဟင်းတာမျိုးမရှိရလေအောင် ခင်ပွန်းကောင်း ပီသပေးခဲ့သည်..မောင့်ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရတာမျိုးမရှိခဲ့ဖူးသလို မပြည့်စုံတာမျိုးလဲ မရှိစဖူး...
မနက်ခင်းတိုင်းမှာ မောင့်အတွက်မနက်စာပြင် အဝတ်စားပြင်ရတာလဲ ရှောင်းအတွက် အလုပ်တစ်ခုလို...သားတွေအတွက်ပါ လုပ်ရပေမဲ့ ကလေးထိန်း တွေရှိတော့ သိပ်မဆိုးလှ...
ကလေးထိန်းဆိုမှ မကြာသေးခင်ကအလုပ်ထွက်သွားတဲ့ သူအစား..နောက်တစ်ယောက်ပြန်ရောက်လာဦးမည်မို့..သားတို့နဲ့ အဆင်ပြေမလားတော့ မပြောနိုင...
မနက်ဖြန် သုံးနှစ်ပြည့်တော့မဲ့သားတို့အတွက် မွေးနေ့လေးပြင်ပေးချင်လို့ တစ်အိမ်လုံး အလုပ်တွေရှုပ်နေကြတာဖြစ်သည်...မောင်ကတော့ ကုမ္မဏီ ကပြန်ရောက်မလာသေး..ညနေမှ ကိတ်သုံးလုံးနဲ့ ပြန်ရောက်လာပါလိမ့်မည်...
" ကျန့်ကျန့်ရေ ငါတို့ရောက်ပြီ.."
" လောင်ခွမ်း..လာလေ..ကျိုးချန် ရော.."
" ဧည့်ခန်းထဲမှာ..ကလေးတွေနဲ့ဆော့နေတယ်.."
" အင်း.."
" ဘာကူပေးရဦးမလဲ.."
" မလိုတော့ပါဘူး..ပြီးနေပြီ..မင်းတို့ ဒီမှာ ညအိပ်ပါလား...ညနေကျရင်တော့ ဘာတွေထပ်ရှုပ်ဦးမလဲ မသိဘူး..ယန်တို့ပါလာကြမှာ ဆိုတော့..."
" ရတယ်လေ..ကောင်လေးလဲ အိပ်ချင်မှာပဲ.."
" ကျေးဇူးပါ လောင်ခွမ်း.."
" ရပါတယ် ကွာ.."
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကအကြောင်းတွေ ပြန်တွေးမိရင် ရယ်ချင်စရာတွေချည်းဖြစ်ခဲ့တာ...ကျိုးချန်နဲ့ လောင်ခွမ်းအဆင်ပြေခဲ့ကြတာ ကျေနပ်စရာပေမဲ့ ယန်နဲ့ ရှန်လုံကတော့ ဒီလိုမဟုတ်ခဲ့...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Fanfictionပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..