Uni
" ဟုတ် မား.."
" ..... "
" စိတ်ချပါ မားရဲ့ ကျွန်တော် ဂရုစိုက်ပါ့မယ်.."
"..... "
" ယန့်ကိုလဲ တောင်းပန်ပါတယ် လို့ပြောပေးပါ.."
" .... "
" ဒါပေမယ့်... အရင်ကတည်းက ယန့်နေရာပဲမလား.."
" ..... "
" ဟုတ်ပါပြီ မားရဲ့... အဆင်ပြေအောင် နေပါ့မယ်.. သူကလဲ ဂရုစိုက်ပါတယ်.."
"..... "
" ပါးကိုလဲ ဂရုစိုက်ဖို့ပြောပေးပါ.."
" .... "
" ဖိုးတို့ကိုလဲ လွမ်းတယ်....အလည်လာခဲ့ပါ့မယ်.."
" .... "
" သူက သဘောကောင်းတယ် မားရဲ့...ဟုတ်မား..."
" ...."
" ဒါပဲနော် မား..ဘိုင့်.."
မနက်လင်းရုံသာရှိသေးပေမဲ့...မားဆီက ဝင်လာတဲ့ဖုန်းကြောင့် ထကိုင်ရသည်...ဒါတောင်မှ မောင့်လက်တွေကြားက မနဲရုန်းထွက်ရတာ...ညက မောင့်လက်ချက်နဲ့ မနက်မထနိုင်မှာ စိုးလို့ ဆေးကြိုသောက်မိ၍သာ တော်တော့သည်...မဟုတ်ရင် ဘယ်အနေထားအထိ နာကျင်မည်မသိ...
အပေါ်ပိုင်းအဝတ်မပါပဲ ခြေကားရား လက်ကားရား အိပ်မောကျနေတဲ့ မောင်ကတော့ ရှောင်း ရေးချိုပြီးသည်အထိ နိုးမလာသေး...တော်တော် မောသွားရှာမှာ...မနက်စာကို ပြင်ရန် အောက်ထပ်ဆင်းခဲ့လိုက်သည်..မောင်က ရှောင်းချက်တာကိုပဲ စားတာမလား...
" အကိုလေး...နိုးတာ စောလိုက်တာ...အိပ်ရေးဝရဲ့လား.."
" ဝပါတယ်.. အန်တီရဲ့ မနက်စာ ပြင်ချင်လို့ထလာတာပါ.."
" ဟုတ်ပါရဲ့... အရင်နေ့တွေက သခင်လေး ကောင်းကောင်းမစားဘူး...အလုပ်သွား အလုပ်ပြန်ကပါ အချိန်မမှန်ဘူး... ဂရုစိုက်ပေးပါဦး... သခင်လေးက အကိုလေး ထိန်းမှ ရတာ..."
" ဟုတ်ပါပြီ အန်တီ ရယ်...ဂရုစိုက်လိုက်ပါ့မယ်..ဟုတ်ပြီလား.. "
" အေး..အေး.."
စားဖိုမှုးခေါင်ဆောင် အန်တီကြီးရဲ့ စကားကြောင့် ရှောင်း နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးမိလိုက်သည်...မောင်ကတော့လေ...ဘေးလူတွေ သတိထားမိအောင် ဘယ်လိုများ နေခဲ့ရတာလဲ...
မောင့်ရဲ့ စိတ်အစဥ်က စလို့ အလုံးစုံဖြစ်တည်လာတာ ကိုယ့်ကြောင့်ဆိုတဲ့ စိတ်နဲ့ ဖြစ်လာတဲ့ ပီတိက သကာရေလို ချို၏....
မောင်ကြိုက်တတ်တဲ့ အရာတွေကိုပဲ ရွေးချက်ရန်ပြင်လိုက်တော့...ဘေးနားက စားဖိုဆောင် လုပ်သားတစ်ချို့မှာ ပြုံးစိစိ ဖြစ်ကုန်ရသည်...
YOU ARE READING
ထိမ်းမြှားခြင်း ပြီးဆုံးသည့်နောက်
Фанфикပထမဆုံးအကြိမ် စွဲလမ်းမိတဲ့ သက်ရှိဝိညာဥ်က မင်းဖြစ်နေလို့ တော်ပါသေးရဲ့..